ဟန်မြစ်ကမ်းနံဘေးတစ်နေရာတွင် ဖြစ်သည်။နံနက်စောစောအချိန်မို့ ငွေရောင်လဲ့နေသော ရေပြင်တွင် ရွှေနေခြည်ရောင်တို့ ဖြန့်ကျက်ထားခြင်းမရှိသေး။ နှင်းမှုန်စများပါသော လေနုအေးကတော့ Sehun ကို ဖြေးညှင်းစွာ တိုက်ခတ်နေလျက်ရှိသည်။
" မေမေ "
Sehun တသသလွမ်းဆွတ်စွာ နှုတ်ထွက်လိုက်ပေမယ့်လည်း မေမေက မထူး။ မဟုတ်သေး။ ထူးတော့ထူးနိုင်ပေမယ့် Sehun က မကြားနိုင်တော့တာဟု ထင်ပါသည်။
အလုပ်သွားချိန်များတွင် ဖြတ်လေ့ရှိသော ပန်းဆိုင်မှ နှင်းဆီဖြူတွေကို မေမေ သိပ်ကြိုက်ပေမယ့် ငေးကြည့်ရုံသာတတ်နိုင်သည်။ သူတို့က လှသလောက် ဈေးလည်းကြီးတာကိုး။ ဒီနေ့တော့ Sehun ထိုဆိုင်ကနေ မေမေ့အကြိုက် နှင်းဆီပန်းတစ်စည်း ဝယ်လာခဲ့ပါသည်။
"မေမေ သဘောကျတယ်မလား? "
မြေပြင်ကို သန့်ရှင်းလို သန့်ရှင်းငြား လက်ဖြင့်အနည်းငယ် သပ်လိုက်ပြီး ပန်းစည်းကို Sehun ချရင်း မေးလိုက်သည်။မေမေက သဘောတကျပြုံးနေနိုင်ပါသည်။ဒါကို Sehun ကသာ မမြင်နိုင်တော့တာဖြစ်မည်။
လွန်ခဲ့သော ၄ နှစ်က အဖြစ်များတဲ့ အဆုတ်ကင်ဆာရောဂါဆိုး ဆိုသည့်အရာ က မေမေ့ကို Sehun နဲ့ ညီငယ်လေးဆီက ဆွဲထုတ်သွားခဲ့သည်။အဲ့ဒီအချိန်တုန်းက Sehun က အသက် ၁၉ နှစ်အရွယ် လူပျိုပေါက်ကလေးပေါ့။Sehun ရဲ့ အထက်တန်းနောက်ဆုံးနှစ်လည်း ဟုတ်ခဲ့သည်။
မေမေက နှစ်ချင်းပေါက်အောင်စေဖို့ အဲ့ဒီနှစ်က Sehun ကို အလုပ်နားပြီး စာလုပ်စေသည်။စာသင်နှစ်ကုန်တဲ့အချိန်မှာ Sehun တကယ်ဘဲ နှစ်ချင်းပေါက် အောင်ခဲ့ပါသည်။သို့သော် မေမေ Sehun တို့ဆီက ထွက်သွားတာ အဲ့ဒီအချိန်လောက်ကဘဲဖြစ်ခဲ့သည်။
မေမေသည် ဆေးလိပ်မသောက်ပါ။
သို့သော် ၃ရာခိုင်နှုန်းသာ ဖြစ်နိုင်သော ဆေးလိပ်ငွေ့ရှူမိပြီး ရောဂါရသည့်ထဲတွင် မေမေက ကံဆိုးစွာပါဝင်သွားခဲ့သည်။ တစ်နေ့ဆေးလိပ် တစ်ဘူးနီးပါးသောက်နေသော မေမေ့အလုပ်ရှင် ဆံပင်ညှပ်ဆိုင်ပိုင်ရှင်အဒေါ်ကြီးကို မေမေ့အစား ခေါ်သွားပါတော့လားဟု ဘုရားသခင်အား Sehun အယူခံဝင်မိသည်။ သူမကြောင့် မေမေ ဒီရောဂါရခြင်းဖြစ်သည်လေ။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...