" ဟာ..ဗိုက်ဆာလာတာနဲ့ အဆင်သင့်ပါပေါ့လား"
ထမင်းစားခန်းဆီ အိတ်တစ်လုံးဆွဲ၍ဝင်လာသူက စက်ရုံတွင် သုံးရက်လောက်ညအိပ်ပြီး ပြသနာပြေလည်မှအိမ်ပြန်လာသော အတွင်းရေးမှူးKim ဖြစ်၏။
"အစ်ကိုလေး..ပြန်လာပြီပေါ့..
စက်ရုံက အဆင်ပြေသွားပြီလား?""ထမင်းလေး အရင်ကျွေးပါဦးArgimaရယ် "
အတွင်းရေးမှူးKim သည် ပြုံးရွှင်စွာနဲ့ဘဲ LuHan၏ ဘေးတွင် နေရာယူလိုက်သည်။
"ကလေး တစ်ယောက်တည်းလား?
Sehun ရော? "မေးလည်းမေး၊ လည်ပင်းဆန့်ကာ ထမင်းစားခန်းအပြင်ကိုလည်း တရှာရှာလုပ်နေသော အတွင်းရေးမှူးKim သည် မျက်နှာမကောင်းသော LuHan ကို သတိထားမိသွားသည်။
"ဘာဖြစ်လို့လဲ? "
LuHan မဖြေ။ ရှေ့တည့်တည့်မှ အရိုးဗရပွနှင့် ငါးဟင်းခွက်ကိုသာ စိုက်ကြည့်နေသည်။
အတွင်းရေးမှူးKim သည်လည်း အခြေအနေအရ ဇွတ်မမေး။ ထမင်းခူးလာပေးသော Argima အနားကိုရောက်လာပြီဆိုမှ မေးကြည့်လိုက်သည်။
"ကျနော် မရှိတုန်း တစ်ခုခုဖြစ်သေးလား? "
Argima က LuHan ကို တစ်ချက်ကြည့်ပြီး ခေါင်းခါရမ်းကာ သက်ပြင်းချ၏။ သူမလည်း ဒီကလေးနှစ်ယောက်ဘာတွေဖြစ်ကြသလဲဆိုတာ မသိပေမယ့် လွန်ခဲ့တဲ့နှစ်ရက်ကတည်းက Sehun က ဒီကလေးနဲ့ ထမင်းတောင် အတူထိုင်မစား။
ကျောင်းပို့ကျောင်းကြိုကို Driverဦးလေးကြီးအား တာဝန်လွှဲပေးပြ်ီး သူကိုယ်တိုင်ကတော့ မိုးလင်းတာနှင့် အပြင်ထွက်သွားပြီး မိုးချုပ်မှပြန်ရောက်လာသည်။ မနေ့ညက သူပြန်ရောက်လာတော့ LuHan ကလေးက အိမ်ပေါက်ဝကစောင့်ကာ ဇွတ်လက်ကိုဆွဲပြီး စကားပြောဖို့ကြိုးစားတာ Argima မြင်လိုက်သည်။ သို့ပေမယ့် Sehun က ဒီကလေးကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ထွက်သွားသည်သာ။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...