မင်္ဂလာပွဲ ပျက်ခဲ့သည်။
Sehun ရဲ့ ဘဝလည်း ပျက်ခဲ့သည်။
အရူးတစ်ပိုင်းဆိုတာက နည်းသေးသည်။
အရူးလုံးလုံးဖြစ်ခဲ့သည်။ကံကောင်းထောက်မစွာ ဆေးရုံထိ အသက်ပါလာခဲ့သော ငယ့်ကို Operation လုပ်သည့်နာရီပေါင်းသည် နေ့မှညသို့ ကူး၏။ တဲတဲလေးကျန်သော အသက်ရဲ့ရဲ့ဖြင့် ခွဲစိတ်ခန်းမှ ထွက်လာသော ကလေးငယ်ကို မြင်မှ Sehun အသက်ရှူနိုင်သည်။ သို့သော် အသက်တစ်ချက်ရှူသွင်းတိုင်း နှလုံးတစ်ခုလုံး နာကျင်အောင့်မြက်တုန်း။
ခြေနှစ်ဖက်စလုံး ကျိုးသွားသော ကလေးငယ်သည် ခေါင်းတွင်လည်း ပတ်တီးအထပ်ထပ်ဖြင့်။ ဆရာဝန်များ၏ ပြောကြားချက်အရ ငယ့် တစ်ကိုယ်လုံး အကောင်းကျန်တာမရှိလောက်အောင် ထိခိုက်သွားသည်တဲ့လေ။
ယခုဆို ခွဲစိတ်ခန်းက ထွက်လာပြီး တစ်ပတ်ရှိပြီ။ VIP Room တွင် ထားပြီး အနီးကပ်စောင့်ကြည့်နေရသော ကလေးငယ်သည် ယခုချိန်ထိတိုင် သတိရ မလာသေးပါ။ Coma ဝင်ပြီး ဘယ်နှလ၊ ဘယ်နှနှစ်မှ သတိပြန်ရလာနိုင်မည်ကိုလည်း မသိ။ အဲ့ဒီအပြင် ပြန်နိုးလာခဲ့ရင်တောင် ငယ်ဟာ အကောင်းပကတိပြန်မဖြစ်နိုင်တော့ဘူးဟု ကြိုပြီးအသိပေးခဲ့ကြသည်။
"Sehun..မင်းရောက်လာပြီလား? "
"Hyung အိမ်ပြန်ပြီး နားလိုက်ပါ သွားပါ Hyung ကျနော် ရှိနေမှာပါ "
"ဒါဆို ငါညမှပြန်လာခဲ့မယ် "
အတွင်းရေးမှူး Kim Jun-myeon က လဲလျောင်းမေ့မြောနေဆဲ ငယ့်ကို စိတ်မကောင်းစွာတစ်ချက်ကြည့်ပြီး Sehun ရဲ့ ပခုံးကိုပုတ်ကာ အခန်းပြင်ကိုထွက်သွားသည်။ ငယ် ဒီလိုဖြစ်ရခြင်းမှာ ဤမင်္ဂလာပွဲကို စီစဉ်ခဲ့သည့် သူသည်သာ အပြစ်အရှိဆုံးဟု ခံယူထားသော Jun-myeon Hyung သည် နေ့ညမပြတ် အပြစ်စိတ်ကြောင့် ငယ့်အနားမှ မခွာဘဲရှိနေခဲ့သည်။
မင်္ဂလာပွဲပျက်ခြင်းမှာ ကျူးယွင်ယွင်က ပေကျင်းကိုချက်ချင်း ပြန်သွားခဲ့သည်။ သူမက ပွဲပျက်ခြင်းကိုခေါင်းထဲမရှိ။ အဲ့ဒီနေ့က ငယ် အဆုံးစီရင်ခြင်းအကြောင်းကိုသာ အောင်မြင်မှုသဖွယ်ပိုက်ပြီး ပြန်သွားခဲ့သည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...