Part-29

3.2K 533 57
                                    

"ဟယ်​လို ​ဒေါက်​တာ ​ပြောပါ "

"ကျ​နော်​ အမှားတစ်​ခုလုပ်​မိသွားလို့ပါ Kim Jun-myeon shii တကယ်​​က လူနာLuHan က ​သွေးကင်​ဆာ​နောက်​ဆုံးအဆင့်​ မဟုတ်​ပါဘူး။ ကျ​နော်​တို့ ​ဆေးစစ်​ချက်​လွဲပြီးရခဲ့လို့ပါ။ "

"ဘယ်​လို? ဒါဆို က​လေးရဲ့အ​ခြေအ​နေက? "

"​သွေးကင်​ဆာဖြစ်​​နေတာ​တော့ ဟုတ်တယ်​​။ ဒါ​ပေမယ့်​ ကျ​နော်​တို့ ကုသမှု​တွေအမြန်​ဆုံးလုပ်​ရင်​ ​ပျောက်​ကင်းနိုင်တဲ့အ​ခြေအ​နေပါ။ ကျ​နော်​​ပြောချင်​တာက LuHanမှာ အသက်​အန္တာရယ်​စိုးရိမ်​စရာ မရှိပါဘူး "

"ဟား! ​ဒေါက်​တာရယ်​!
တော်​​သေးတာ​ပေါ့! ​တော်​​သေးတာ​ပေါ့​ဗျာ! "

"ဒါ​ပေမယ့်​ ​ပေါ့လို့မရပါဘူး ​ဆေးရုံတက်​ပြီး ကုသမှုခံယူဖို့က​တော့ လိုပါ​သေးတယ်​။ ကျ​နော်​တို့ဘက်​က အမှားအတွက်​ အနူးအညွတ်​​တောင်းပန်​ပါတယ်​ Kim Jun-myeon shii "

ဖုန်းချလိုက်​သည်​နှင့်​တပြိုက်​နက်​ တစ်​ချိန်​လုံး​ရင်​ထဲတွင်​ဆွဲထားရ​သော ခဲလုံးကြီးပါ ပြုတ်​ကျသွားသလို ခံစားလိုက်​ရသည်​။ ​ဒီအ​ကြောင်းကို က​လေးဆီဖုန်းဆက်​​ပြောရမည်​။ လက်​ထဲက ဖုန်းကို နှိပ်​ရင်း အခန်းပြင်​ကိုထွက်​ကာ Argima ကိုလည်း​အော်​​ခေါ်ရသည်​။

"Argima! Argima!!! "

"​ဟေ ​ဟေ ဘာဖြစ်​တာတုန်းကွဲ့! "

"က​လေး မ​သေနိုင်​​တော့ဘူး!
ကျ​နော်​တို့ က​လေး အသက်​ရှင်​မယ်​တဲ့! ဟား! "

"ဘာ​တွေဖြစ်​​နေတာတုန်း
နားလည်​​အောင်​​ပြောစမ်းပါဦး!  "

"LuHan​လေးကို ကုသလို့ရတယ်​။ ​ရောဂါကို ​ပျောက်​​အောင်​ကုသလို့ရတယ်​တဲ့​ဗျ!! "

" လူကြီးမင်း​ခေါ်ဆို​သောဖုန်းမှာ ဆက်​သွယ်​မှု ဧရိယာပြင်​ပသို့ ​ရောက်​ရှိ​နေပါသဖြင့်​......."

"ဘယ်​လိုဖြစ်​တာတုန်း? "

နောက်​တစ်​ကြိမ်​ဆက်​လည်း ထိုအတိုင်းဘဲ​ဖြေလာသည်​။ Sehun ရဲ့ ဖုန်းကိုဆက်​​တော့ မကိုင်​။ အဆက်​အသွယ်​ရုတ်​တရက်​ပြတ်​သွားသည်​မို့ Jun-myeon ၏ စိုးရိမ်​မှုက ကြီးထွားလာပြန်​သည်​။ သွားကတည်းက တစ်​ခုခုဖြစ်​မှာစိုးရိမ်​​နေတာ အခု နှစ်​​ယောက်​လုံးဖုန်းမကိုင်​ကြဘူး။

Best Worst Where stories live. Discover now