Part-20

2.8K 465 86
                                    

"မနက်​ကကိစ္စ ကျ​နော်​ တကယ်​ ​တောင်းပန်​ပါတယ်​ ​ဟေမီ "

" ....  "

" ​ဟေမီတို့ ဆိုင်​က ဝန်​ထမ်းအ​ဒေါ်ကိုလည်း ကျ​နော်​ထပ်​ပြီး​တောင်းပန်​တယ်​ဆိုတာ ​ပြော​ပေးပါဦး "

" .... "

" ဒီ​နေ့ စကားလည်း​သေချာမ​ပြောလိုက်​ရဘူး
ကျ​နော်​တို့ နက်​ဖန်​ထပ်​​တွေ့ကြမလား? "

" ....  "

" ​ဒါဆို (....) မှာ ​တွေ့ကြမယ်​​ "

ကိုကို့အခန်းတံခါးလက်​ကိုင်​ကို လှည့်​ထားမိရင်းအခန်းထဲမှ ကိုကို့ဖုန်း​ပြောသံကို LuHan နား​ထောင်​​နေလိုက်​သည်​။ ထပ်​ပြီး ​ဟေမီဆိုတဲ့ အစ်​မနဲ့ဘဲ ​နောက်​ထပ်​​တွေ့ကြဖို့ ချိန်းဆို​နေကြသည်​ကို LuHan အကုန်​ကြားလိုက်သည်​။

ကိုကိုဖုန်း​ပြောလို့အပြီးမှာ
LuHan အခန်းထဲဝင်​လာခဲ့လိုက်​သည်​။

"ငယ်​ "

"ကိုကို
ဒီ​နေ့ ကျ​နော်​ ကိုကိုနဲ့ အတူတူအိပ်​မလို့"

ပြောလည်​ပြော ကိုကို့ကုတင်​​ပေါ်လည်း တက်​ထိုင်​လိုက်​​တော့ ကိုကိုက ​​ပြောလာသည်​။

"​ခြေသန်းက ဘယ်​လို​နေ​သေးလဲ? "

ဆရာဝန်​ ပင့်​ပြီး တစ်​ခါတည်းပြကာ
ဆေးထည့်​ ပတ်​တီးစီးထားတာ​ကြောင့်
ခြေသန်း​လေးက တစ်​​ချောင်းတည်းခပ်​ဖြူဖြူ။

" အရမ်းမနာပါဘူး "

"​ဆေး​ရော ​သောက်​ခဲ့ပြီလား? "

"ဟင့်​အင်း "

"ငယ်​! "

ကိုကိုက ခါးကြီး​ထောက်​ကာ ငုံ့ကြည့်​​နေပြီကိုLuHan သိလိုက်​သည်​။

"ကျ​နော်​ ထမင်းစားလို့မပြီး​သေးဘဲ
အိမ်​​ပေါ်တက်​သွားတာဘယ်​သူလဲ? "

"ကိုကို ငယ့်​ကို​ ဆေးတိုက်​ဖို့ အ​ဒေါ်ကြီးကိုမှာခဲ့တယ်​​လေ "

LuHan မ​ကျေမနပ်​ ​ခေါင်း​မော့ကြည့်​ပြီး မျက်​​စောင်းစူးစူးကို ပင့်​ထိုးလိုက်​သည်​။

"ကျ​နော်​က​ရော ကိုကိုမှ မဟုတ်​ဘဲ
ဘယ်​သူ​ဆေးတိုက်​တာ ​​သောက်​ဖူးခဲ့လဲ? "

Best Worst Where stories live. Discover now