ဆေးရုံ။
သူ နောက်တစ်ခေါက်ရောက်နေပြန်ပြီထင်။
ပိုးသတ်ဆေးနံ့တွေက ရင်းနှီးလွန်းနေပြီး
လေးကန်ကန် ဖွင့်လာတဲ့မျက်ခွံတွေက အဖြူရောင်မျက်နှာကျက်ကို မြင်ရတာ အခါမနည်းတော့ပြီ။ခေါင်းတွေမူးနေသည်။မြင်ကွင်းတွေက မသဲကွဲ။ အချိန်က မနက်လား ညလား မခွဲနိုင်။ သူ နောက်ဆုံးရှိနေခဲ့တဲ့နေရာကတော့ လေးထောင့်အခန်းကျဉ်းလေးတစ်ခုထဲက ကုတင်တစ်လုံးပေါ်မှာဖြစ်သည်။
နောက်ပြီး အဲ့သည့်အချိန်က သူ နောက်ဆုံးတွေ့ခဲ့ရတာ ကိုကို ။
ဟုတ်သည်။ ကိုကို သူ့ဆ်ီရောက်လာခဲ့သည်။လူဆိုးတွေတောင်းသော ငွေပမာဏကို မယူလာသည့်အပြင် ကိုကိုက LuHan ရဲ့ ပုံပန်းသဏ္ဍာန်ကိုမြင်ပြီး ဒေါသထွက်ကာ စပြီး ထိုးကြိတ်ခဲ့သည်။
လူဆိုးတွေနှင့် တစ်ဦးတည်း ရင်ဆိုင်နေတဲ့ ကိုကို့ကို LuHan မြင်ခဲ့သည်။ ဆေးတစ်မျိုးပါတဲ့ ဆေးထိုးအပ်နဲ့အထိုးခံထားရတာကြောင့် LuHan မူးမိုက်နေပေမယ့် ကိုကို့ကို ဝိုင်းရိုက်နေတာ မြင်နေခဲ့ရသည်။
အဲ့ဒီနောက် ...
ကိုကို ကြမ်းပြင်ပေါ်လဲကျသွားတဲ့အခါ ကိုကို့ခေါင်းကို ရိုက်ခွဲဖို့ရွယ်သည့် ထိုင်ခုံတစ်လုံးအောက်မှာ LuHan ပြေးပြီး ကျောနှင့်ခံကာ ကွယ်ခဲ့သည်။ အဲ့သည့်အချိန်က ကိုကို သူ့ကိုအော်ခေါ်နေခဲ့ပြီး သူ့အမြင်အာရုံတွေဝေဝါးလာသည်။ နောက်ဆုံးမှာ LuHan သတိမေ့သွားခဲ့သည်။" ကိုကို~ "
အဲ့သည့်ညက LuHan ရဲ့ သွေးကြောထဲကို ထိုးခဲ့သော ဆေးကြောင့် ထင်။ မျက်လုံးတွေဖွင့်ပြီးရှာရတာ မူးလွန်းသည်မို့ ကိုကို့ကို ခပ်တိုးတိုးခေါ်မိသည်။ ကိုကို အနားရှိနေရင် LuHan ကို ထူးလိမ့်မည်။ ကိုကို တစ်ခုခုမဖြစ်ဘဲ အနားမှာ ရှိနေဖို့ LuHan မျှော်လင့်ကာ ခေါ်လိုက်ပေမယ့် ပြန်ထူးသောအသံသည် စိမ်းလွန်းနေသည်။
YOU ARE READING
Best Worst
FanficOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...