အချိန်ကား ည ၈နာရီကျော်လေပြီ။
လမ်းကြားတစ်ခု၏ ထိပ်မှ လမ်းမီးလုံးဝါကျင့်ကျင့်ထွန်းထားသောဓာတ်တိုင်တစ်တိုင်ရဲ့အောက်မှာ လူရိပ်တစ်ခုကငြိမ်သက်စွာ ရှိနေသည်။ ထိုလူက နှုတ်ခမ်းမှာခဲထားသော ဆေးလိပ်ကို လမ်းပေါ်ပစ်ချကာ မီးစကို ရှူးဖိနပ်ထောင့်နှင့်ဖိချေလိုက်သည်။
ပြီးနောက် အင်္ကျီလက်ကို ဆွဲတင်ပြီး လက်ကောက်ဝတ်မှ နာရီကိုတစ်ချက်ကြည့်ကာ တစ်ဖက်လက်မှ ဖုန်းနံပါတ်တစ်ခုကို နှိပ်နေသည်။
ထိုအချိန် လမ်းကြားထဲမှ ခပ်ဟောင်းဟောင်း တိုက်မြင့်တစ်ခု၏ ခေါင်မိုးထပ်သည် မီးမှိန်မှိန်ပွင့်လျက်သားရှိသည်။
ကျောင်းမှအပြန် အချိန်ပိုင်းအလုပ်ထွက်ရှာနေခဲ့တဲ့ LuHan ဟာ သိပ်မကြာခင်လေးကမှ အိမ်ကိုပြန်ရောက်လာခြင်းဖြစ်သည်။ အိမ်ရောက်တဲ့အခါ သူနောက်ကျနေတာကိုဆူမယ့် ကိုကိုက ကံကောင်းထောက်မစွာ အိမ်ပြန်ရောက်မလာသေး။ အလုပ်သစ်က အဆင်ပြေပုံရဟန်တူသည်။ LuHan ကတော့ အလုပ်တစ်ခုမှမရခဲ့ပါ။
ရေခဲသေတ္တာသေးသေးလေးထဲက ဟင်းတွေကို ထုတ်ကာ နွှေးဖို့ ပြင်နေစဉ် LuHan မိုက်ခနဲဖြစ်သွားသည်။ မီးဖိုခုံကိုကိုင်ကာ ကိုယ့်ကိုယ်ကိုယ်အမြန်ထိန်းလိုက်ပြီး စက္ကန့်အနည်းငယ်လောက် ငြိမ်နေလိုက်ရသည်။ အဆင်ပြေသွားပြီဟုထင်မှတ်ကာ လုပ်လတ်စကို ဆက်လုပ်မည်ပြင်တော့ နှာခေါင်းအောက်မှ စိုစွတ်စွတ်အထိကို ခံစားလိုက်ရလေသည်။
ယောင်ရမ်း၍ လက်နှင့် ပွတ်သုတ်လိုက်တော့ လက်မှာပေလာသည်က နီရဲရဲ သွေးပြစ်ပြစ်များ။
ခေါင်းကိုအမြန်မော့ထားပြီး အနီးနားမှ တစ်သျှူးယူကာ သွေးတွေကိုသုတ်ရသည်။ဘေစင်မှရေပိုက်ကိုဖွင့်ပြီး ဆေးတော့ ဘေစင်ခွက်ထဲမှာ သွေးရဲရဲတို့ ပေစင်ကုန်သည်။
YOU ARE READING
Best Worst
FanfictionOh Sehun ♡ LuHan ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မပြောဘူး ကျနော် တစ်ယောက်ပဲ ပြောမယ် ငယ်က ကိုကို့ရဲ့ ညီငယ်လေး မဟုတ်ဘူး . . . ဘယ်သူတွေ ဘာပြောပြော ငယ် က ကိုကို့ရဲ့ ညီငယ်လေးပဲ . . . ဘယ်သူမှ ဘာမှ မ...