Part-27

3.1K 541 72
                                    

Argima ထံမှ​နေ မရမက ဇွတ်​အတင်း​မေးလာရ​သော ​ဆေးရုံနာမည်​အတိုင်း Sehun လိုက်​လာခဲ့သည်​။ ​​ကောင်​တာသို့ သွားပြီး အခန်း​နေရာကို ​မေးမည်​အလုပ်​ လှမ်းမြင်​​နေရ​သော အခန်းတစ်​ခုမှ​နေ ထွက်​လာ​သော ဆရာဝန်​တစ်​​ယောက်​နှင့်​ အတွင်း​ရေးမှူးKim ကို ​တွေ့လိုက်​ရ​တော့သည်​။

ကောင်​တာမှာ​မေးမ​နေ​တော့ဘဲ ထိုနားကို ​လျှောက်​လာခဲ့စဉ်​ အနားသို့မ​ရောက်​ခင်​ Sehun တချို့စကားသံ​တွေကိုကြားလိုက်​ရသည်​။ထိုအချိန်​အတွင်း Hyung ရဲ့ မျက်​နှာဟာလည်း ပျက်​သထက်​ပျက်​​နေသည်​။

"ဓာတ်​​ရောင်​ခြည်​ကုထုံးကို သိပ်​မကြာခင်​ စလိုက်​တာ အ​ကောင်းဆုံး နည်းလမ်းပါဘဲ ကျ​နော်​တို့ဘက်​ကလည်း အတတ်​နိုင်​ဆုံးကြိုးစားမှာပါ "

"ဒါက အချိန်​ဆွဲထားနိုင်​ရုံဘဲမဟုတ်​လား Dr "

"ကျ​နော် တကယ်​​စိတ်​မ​ကောင်းပါဘူး  "

နောက်​က ခုံ​ပေါ် Hyung  အရုပ်​ကြိုးပြတ်​ထိုင်​ချသည်​။ ဆရာဝန်​ဖြစ်​သူက ပခုံးသို့ ပုတ်​ပြီး အား​ပေးစကား​တွေ​ပြောကာ ထွက်​သွား​လေပြီ။ Sehun သူ့ရဲ့အ​ရှေ့ကို သွားရပ်​လိုက်​တဲ့အခါ ​ခေါင်းငိုက်​စိုက်​ချထိုင်​​နေတဲ့ Hyung က ​မော့ကြည့်​လာသည်​။

"Sehun "

"ဆရာဝန်​​ပြောသွားတာ ဘာလဲ Hyung?
ဘယ်​သူ့အ​ကြောင်းလဲ? မဟုတ်​မှ.....မဟုတ်​တာ! ငယ်​ မဟုတ်​ဘူးမလား? Hyung!! ကျ​နော်​ ​မေး​နေတယ်​​လေ! အဲ့တာ ငယ်​ မဟုတ်​ဘူးမလားလို့!!  "

"​သွေးကင်​ဆာ ... ​နောက်​ဆုံး အဆင့်​ တဲ့! "

Sehun ​နောက်​သို့ ​ခြေနှစ်​လှမ်း​လောက်​ ဆုတ်​မိသွားသည်​။ ဦး​ခေါင်းတစ်​ခုလုံး မိုးကြိုးပစ်​ခံလိုက်​ရသလို ဒိန်းခနဲ။ ​ရှေ့မှ Hyung သည်​ သူ့မျက်​နှာသူ လက်​ဝါး​တွေနဲ့ အထပ်​ထပ်​ပွတ်​သုတ်​ရင်း ငို​နေသည်​။ Hyung ရဲ့ လက်​ထဲမှာ ကိုင်​ထားသည်​က ​ဆေးစစ်​ချက်​ရလဒ်​။

ငယ်​ သူ့ကို လိမ်​​ပြန်​ပြီလား?

သူလက်​ထပ်​​တော့မယ်​ဆိုတာ​ကြောင့်
သူ့ကိုတားဖို့
Hyung နဲ့​ပေါင်းပြီး လိမ်​​နေပြန်​ပြီလား?

Best Worst Where stories live. Discover now