လရောင်ကို အားပြုကာ အနောက်အရပ်တို့ ခရီးနှင်လာသည့် မြင်းစီးသူနှစ်ယောက်.
ခြုံထည်အနက်ကို လွှမ်းကာ မြင်းကိုအပြင်းနှင်လာသောကြောင့် ခွာသံတို့က တိတ်ဆိတ်သော ညကို ခွင်းလျက်.မြင်းစီးသူတို့၏ ဦးတည်နေရာက တားမြစ်နယ်မြေ အမှောင်တောစပ်ဖြစ်သည်.
အမှောင်တောစပ်တို့ရောက်သည်နှင့် မြင်းတို့က ပတပ်ရပ်ကာ ဆက်မသွားတော့..
နှာကိုမှုတ်ကာ ခြေကိုမြောက်ကာ ရုန်းကန်နေသည်မို့ အနီးရှိ သစ်ပင်ကြီးတစ်ပင်တွင် ချည်ကာ တောထဲသို့ လူချည်းသက်သက်သာ ဝင်ခဲ့ကြသည်.တောထဲတွင် ညငှက်တို့၏ အသံမရှိ.
သားရဲတို့၏ အရိပ်အယောင်မရှိ.
ပကတိတိတ်ဆိတ်နေသော တောညနက်တွင် လူနှစ်ဦးသား၏ ခြေသံစိတ်စိတ်သာ ထွက်ပေါ်လျက်.တောနက်သောတနေရာ လူရိပ်လူယောင်ကင်းမဲ့သည့် အိမ်အိုတစ်လုံးဆီသို့ ရောက်သည့်အခါတွင် ခြေလှမ်းတို့ အဆုံးသတ်သည်.
တစုံတရာ ခေါ်ဆိုခြင်းမရှိပါဘဲ
ဆီမဲ့သော ပတ္တာသံမြိုင်သည့် တံခါးက ခပ်ဖြည်းဖြည်းပွင့်လာသည်.
ထွက်လာသည့် တံခါးသံနောက်တွင် မြင်ရသည့်မြင်ကွင်းက အိမ်နှင့် မလိုက်မဖက်.
တကိုယ်လုံးနက်ဆွေးနေစေသည့် အဝတ်ကိုဝတ်ဆင်ထားသော အမျိုးသမီးတဦး.
လှပလွန်းသော အမျိုးသမီးတဦးဟု ဖြည့်စွတ်ပြောလျှင် ပို၍ မှန်ပေလိမ့်မည်.
ဝတ်ဆင်ထားသည့် ဝတ်စုံနှင့် ဆန့်ကျင်စွာ ဖြူဖွေးနေသည့် ဆံနွယ်များ.
ဆန့်ကျင်ဘက်နှစ်ခုကို တွဲစပ်ကာ သင့်တယ်လွန်းသောသူ(မ) သည် တခြားသူမဟုတ်.
မှော်နက်ပညာနှင့် အောက်လမ်းပညာအား တဖက်ကမ်းခတ်ကာ အရှင်အလက်ဇန္ဒြား၏ အလိုရှိ ဖမ်းဝရမ်းထုတ်ခြင်း ခံရသူ...
မှော်နက်သခင်မ မာယာ.ရေသေလို တည်ငြိမ်လွန်းနေသည့် သူ(မ)က အနိမ့်အမြင့် ကင်းမဲ့သော အသံနှင့်.
"ဘာကိစ္စလဲ?""အပေးအယူ လုပ်ချင်လို့ပါ.."
"အိမ်ထဲဝင်."
မြင်းစီးသူတို့အား အေးစက်စွာဖိတ်ခေါ်ကာ အိမ်ထဲဝင်သွားသော သူ(မ) နောက်သို့ ခပ်ရို့ရို့ဝင်သွားပြီးနောက် သူ(မ) ထိုင်နေရာ မီးဖိုဘေးတွင် ဝင်ထိုင်လိုက်ကြသည်.

YOU ARE READING
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanfictionအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်