( Zawgyi )
နှင်းတွေ ဖွေးဖွေးကျနေတဲ့
အေးချမ်းလှသည့် ဆောင်းရာသီ၏
မနက်ခင်းလေးတစ်ခုတွင်
စက်ဘီးလေးပတ်စီးကာ
သတင်းစာလိုက်ဝေနေသော
ကောင်လေးတစ်ယောက် ရှိလေသည် ....ထိုကောင်လေးသည် ဒီနေ့မနက်လည်း
အရင်နေ့များအတိုင်းပင် အနွေးထည်လေးအား
လုံလုံခြုံခြုံဝတ်လိုက်ရင်း.....
စက်ဘီးလေးစီးကာ
သတင်းစာလိုက်ပို့နေလေသည်....ဆောင်းတွင်းလေ၏အအေးဒဏ်ကို အံတုကာ
ကိုယ့်ကျောင်းစရိတ်ကို ကိုယ်ကိုယ်တိုင်ရှာကာ
ကျောင်းတက်နေတဲ့
ကောင်လေးတစ်ယောက်အား.....
လမ်းထောင့်ချိုးမှ ထွက်ပေါ်လာသော
နောက်ဆုံးပေါ်ကားတစ်စီးက ဝင်တိုက်မိမလို
ဖြစ်သွား၍ စက်ဘီးလေးက
လမ်းဘေးသို့လဲကျသွားသည်....ဆောင်းတွင်းတွင်ရသော ဒဏ်ရာသည်
သေးသေးလေးသည်ပင် ဖြစ်စေ
တော်တော်လေးကို နာကျင်ရသည့်
Formula ကလည်း ရှိထားတော့....
အခု စက်ဘီးလဲသွားသောအခါ
ဘယ်လောက်တောင် နာလိုက်မည်နည်း....စက်ဘီးလဲသွားတော့ လမ်းပေါ်ကို
လက်ထောက်လျက်သား လဲကျသွားသည်....
ခြေထောက်တစ်ဖက်ကိုလည်း
စက်ဘီးပိသွားသလို လက်ထောက်လျက်သား
ကျသွားတော့ လက်ဖဝါးက အသားပွန်းသွားပြီး
သွေးများပါစို့လာသည်....အရမ်းလည်းနာသွား၍ မျက်ရည်များပါ ဝဲလာပြီး
စိတ်ကပါတိုလာသည်....
ထိုအချိန်တွင် ကားပေါ်မှ
လူတစ်ယောက်ဆင်းလာကာ
သူလုပ်လိုက်သည့် အပြုအမူကြောင့်
ကျွန်တော် တကယ်ပင် အံ့ဩသွားခဲ့ရသလို
ဒေါသတွေလည်း ထွက်သွားခဲ့ရသည်...." ထနိုင်ရင်လည်း မြန်မြန်ထ...
အပိုတွေလုပ်မနေနဲ့....
ငါ့ကားနဲ့မင်းကို မတိုက်မိဘူးနော်......
မင်းဘာ့သာမင်း လဲကျသွားတာ....
ဟန်ဆောင်မနေနဲ့...." တဲ့ကျွန်တော် စိတ်တိုသွားပြီး....
သူ့ကိုမော့ကြည့်လိုက်တော့အရပ်ရှည်ရှည်နားကားကားနဲ့
ရုပ်က သားနားသလောက်
ပြောလိုက်သည့်စကားကြောင့်
ဒေါသတွေက အလိပ်လိပ်ထွက်လာသည်...." ခင်ဗျား ... လူမဆန်တဲ့ စကားမပြောနဲ့....
ခင်ဗျားကားနဲ့ မတိုက်မိဘူးဆိုပေမယ့်....
ကျွန်တော်လဲကျသွားတာ
ခင်ဗျားကားကြောင့်လေ....
ကိုယ်လုပ်ပြီး ကိုယ်မသိဘူးလား...."
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...