29 ⏩

3.8K 423 67
                                    

( Zawgyi )

"အခု Baekhyunကို အိမ်ပြန်လိုက်ပို့ပါ့မယ်….
ပြီးရင် ကျွန်တော် CEO ရဲ့ အက်ျီအချို့ကို
ယူသွားပါ့မယ်….”

“ ယူသွားမယ် ဟုတ်လား….
ဘယ်ကိုယူသွားမှာလဲ ….”

“ ရုံးကိုပါ…. CEO က ရုံးမှာပဲ
နေတော့မယ်လို့ ပြောပါတယ် ခင်ဗျ….”

“ ဟင်…. ဘာဖြစ်လို့လဲဟင်….
သူအလုပ်တွေ  အရမ်းများနေတာလား….”

“ မဟုတ်ပါဘူး…Baekhyun က
သူ့ကို မတွေ့ချင်ဘူးလို့ပြောတယ်ဆိုလို့ပါ….”

“ အာ…မဟုတ်တာဗျာ….
ကျွန်တော်အဲ့လို မပြောမိပါဘူးဆို.....
နောက်ပြီး ကျွန်တော်ပြောခဲ့ရင်တောင်
သူက အဲ့လို ရှောင်ပေးစရာမှ မလိုတာ….
သူက အိမ်ရှင်ပဲကို….”

ဟု နားမလည်နိုင်တော့၍ ပြောမိတော့

“ သူလည်း တစ်ခါမှ အဲ့လို အိမ်ကနေ
ထွက်လာတာမျိုး မရှိခဲ့ပါဘူး….
သူ့အဖေအိမ်ကနေ ထွက်လာကတည်းက
အခု ဒီအိမ်က သူ့အတွက် နားခိုရာ တစ်ခုပဲ….

အပြင်တွေ ဘာတွေမှာတောင်
သွားအိပ်တာမျိုးမရှိဘူး…
အလုပ်ကိစ္စနဲ့ Oversea သွားရမယ့်
ကိစ္စတွေကလွဲလို့ သူဒီမှာရှိနေရင်
အိမ်မှာပဲ ကပ်နေတာများတယ်….

တစ်ခါမှလည်း ဒီလိုထွက်လာတာမျိုး
မရှိဘူးတော့ ကျွန်တော်ဆို အံ့ဩလို့...."

“ ဟင်….အဲ့ဒါဆို ဘာလို့….”

“ Baekhyun ကြောင့်လေ...
Baekhyunကိုသူ့စိတ်ထဲမှာ ထည့်ထားလို့...
Baekhyun မကြိုက်တာတွေကို
မလုပ်ဘဲနဲ့ တတ်နိုင်သမျှရှောင်ပေးနေတာ…
Baekhyun ကိုသူတော်တော်ချစ်လို့ပါ….

အရင်ကဆို အလုပ်တစ်ခုပဲ
စိတ်ထဲမှာ ရှိတဲ့လူက အခုနောက်ပိုင်း
ညနေသုံးနာရီကျော်တာနဲ့
လှုပ်လှုပ်ရှားရှား ဖြစ်လာပြီ….”

“ ဘာဖြစ်လို့လဲ…....”

“ ကျောင်းသွားကြိုချင်တာလေ….
Baekhyun ကျောင်းလွှတ်မယ့်အချိန်ကို
အမှီသွားချင်လို့လေ….”

" အော်....."

ဟုသာ ခပ်တိုးတိုးပဲ ရေရွတ်နိုင်တော့သည်.....သူ့ရဲ့နေ့စဉ် ဘဝထဲမှာ
ကျွန်တော့ကို ထည့်ထားပေးတာပဲ....

Love is you 💛 🍀 Complete 🍀Where stories live. Discover now