6⏩

5.2K 570 17
                                    

( Zawgyi )

လျှောက်လမ်းမှာ ငုတ်တုပ်ထိုင်ပြီးငိုနေသော
ကောင်လေး၏ဘေးမှာ အလျင်အမြန်ထိုင်ချလိုက်ပြီး

" ဘာဖြစ်လို့လဲ ....
အရမ်းကြီးနာနေတာလား... "

သူ့ပုခုံးလေးကို ကိုင်ပြီးမေးလိုက်တာကို
ငိုနေရင်းနဲ့ ပုခုံးလေးကိုတွန့်ပြီး ကျွန်တော့ကို
မကိုင်နဲ့ဆိုတဲ့ ပုံစံနဲ့ ဖယ်ချတယ်...

ကျွန်တော်အတွက်လည်း
ကောင်လေးတစ်ယောက်က
ဒီလိုပုံစံမျိုးနဲ့ ငိုတာကို
ဒါပထမဆုံးမြင်ဖူးတာဆိုတော့
ဘယ်လိုချော့လို့ ချော့ရမယ်မှန်းမသိတာနဲ့ပဲ...

သူ့ လက်မောင်းလေးကို
ဖွဖွလေး ပွတ်ပေးပြီး မငိုဖို့ ချော့နေစဉ်
သူက အသံလေးပါ ထွက်အောင်
အော်ငိုတော့သည်....

ကျွန်တော်လည်း ပထမတော့
သူငိုနေတာလေးက ချစ်ဖို့ကောင်းလို့
ပြုံးပြီး ကြည့်နေပေမယ့်
ဘေးပတ်ဝန်းကျင်ကိုလည်း ကြည့်လိုက်တော့
လူတွေက ကျွန်တော်လုပ်လိုက်လို့
အဲ့ကလေးငိုနေတယ်လို့ ထင်သွားကြပုံပဲ...
ကျွန်တော့ကို ကွက်ကြည့်ကွက်ကြည့်
လုပ်သွားကြသည်....

ကျွန်တော်လည်း လက်ကာပြပြီး
ကျွန်တော့ကြောင့် ငိုတာ မဟုတ်ကြောင်းကို
အသံတိတ် ပြန်ရှင်းပြရင်း
ထိုကလေးကိုလည်း အငိုတိတ်အောင်က
ချော့ရသေးသည်....

သူငိုလို့ဝတော့မှ ...
ကျွန်တော့ကို မော့ကြည့်တော့....
ကျွန်တော်က

" ငိုလို့ဝပြီလား... ကဲပြောပါဦး....
ဘာလို့ငိုတာလဲဆိုတာ...
အနာတွေက နာလို့လား.. "

လို့မေးလိုက်တော့ ရှိုက်နေရင်းနဲ့
ခေါင်းလေးကို ရမ်းပြသည်...
အကြောင်းမရှိဘဲနဲ့
ငိုတယ်ဆိုတာကတော့ မဖြစ်နိုင် ...

" ပြောပါ... ဘာဖြစ်လို့လဲ... ကိုယ့်ကြောင့်လား...
ကိုယ်ဘာလုပ်မိလို့လဲ... "

လို့ထပ်မေးလိုက်တော့လည်း
ခေါင်းလေးထပ်ပြီးရမ်းပြပြန်တယ်...

" ကိုယ် ချီလိုက်လို့လား... မချီစေချင်လို့လား...
ဟုတ်လား.. ပြောပြပါကွာ... "

လို့ထပ်ပြီးမေးလိုက်တော့မှ

" ကျွန်တော်ပြောသားပဲ... ဟင့်...
မချီပါနဲ့လို့ပြောနေ တာကို...
သူ့ဘာ့သာချီပြီးတော့ ... ဟင့်....
အခုတော့စိတ်မရှည်တော့ဘူးမလား....
နောက်ပြီးတော့ ကျွန်တော်ဒီနေ့လည်း
ခင်ဗျားကို လှမ်းမခေါ်ပါဘူး....
ကိုယ့်ဘာ့သာပြန်မလို့ လုပ်နေတာပါ...
သူ့ဘာ့သာ လာခေါ်ပြီးတော့...
တော်ပြီ... ဆေးခန်းလည်းမပြတော့ဘူး...
ပြန်တော့မယ် ... ဖယ်ပေး...." ဆိုပြီး ပြောကာ

Love is you 💛 🍀 Complete 🍀Where stories live. Discover now