16 ⏩

4.2K 441 19
                                    

( Zawgyi )

အင်တာဗျူးသွားဖြေရမည့်နေ့မို့
သေသေချာချာ ပြင်ဆင်ကာ
အိမ်က ထွက်လာခဲ့သည်....
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျောင်းပိတ်သည့်ရက်
ဖြစ်နေသည့်အတွက် ကျွန်တော့အတွက်ပို၍
အဆင်ပြေသွားသည် မဟုတ်ပါလား...

ကျောင်းက Notice Board တွင်
အချိန်ပိုင်းအလုပ်သမားခေါ်သည့်
စာရွက်လေးအား လာကပ်ထားသည်ကို တွေ့တော့
ကိုယ့်မျက်စိပင်ကိုယ်မယုံချင်....
ဒီလိုကျောင်းမျိုးတွင် အချိန်ပိုင်းအလုပ်သမား
လာခေါ်သည်ဆိုသည်မှာ
ဖြစ်လေ့ဖြစ်ထ မရှိသောကြောင့်သာလျှင်....

ကျောင်းမပြီးသေးသော
ကျောင်းသားလေးများအတွက်
အချိန်ပိုင်းအလုပ် ဆိုသည်မှာ
ကော်ဖီဆိုင် ၊ ကြက်ကြော်ဆိုင် ၊ ဆီဆိုင် ၊
စာအုပ်ဆိုင် စသည့် လုပ်ငန်းမျိုးလေးများတွင်သာ
ရလေ့ရှိသည်..... ယခုလို ဟိုတယ် လုပ်ငန်းတွင်
အချိန်ပိုင်းအလုပ်ခေါ်သည်မှာ တကယ်ကိုပင်
ထူးဆန်းနေသည်.....

ဘာပဲဖြစ်ဖြစ် အလုပ်ရှာနေသည့်
ကျွန်တော့အတွက်တော့
ရေကန်အသင့် ကြာအသင့်ဟုပဲ ပြောရမလားမသိ...
အလုပ်ရသော်ရှိ မရသော်ရှိ အင်တာဗျူးကို
သွားဖြေမည်ဟုဆုံးဖြတ်လိုက်သည်....
ထို့ကြောင့် အင်တာဗျူးလာဖြေရမည့်
အချိန်အတိုင်းသာ ထိုနေရာသို့သွားလိုက်သည်.....

လာဖြေကြသည့် လူတွေအများကြီးထဲကနေမှ
ကျွန်တော် ကံကောင်းသည်ဟု ပြောရမလား....
ကံဆိုးသည်ဟု ပြောရမလားမသိ....
ကျွန်တော်အလုပ်ရလိုက်သည်....
သို့သော် လုပ်ရမည့်အလုပ်က room serviceပိုင်း
ဖြစ်နေသည်.....
အလုပ်ဝင်ရမည့် အချိန်ကလည်း အဆင်ပြေသည်.. အချိန်ပိုင်းအလုပ်ဆိုသောကြောင့်
ကျောင်းဆင်းသည့်အချိန်မှစပြီး အလုပ်ဝင်ရုံသာ....

ကျွန်တော်အရင်ကလည်း သတင်းစာလိုက်ပို့သည့်အလုပ်ကို လုပ်ဖူးသည်ကြောင့်
Room Service အပိုင်းကိုတော့
အဆင်ပြေပြေနဲ့ လုပ်နိုင်မည်ဟု ထင်မိသည်....

အလုပ်အသစ်တစ်ခု ဖြစ်နေပေမယ့်
ကြိုးကြိုးစားစားလုပ်ပါ့မည်ဟု ပြောခဲ့ကာ...
ကျွန်တော် အလုပ်ရခဲ့သည်....
အလုပ်ရပြီဟု သိသိချင်းပင် ဟိုနှစ်ကောင်ဆီ
ဖုန်းဆက်ကာလှမ်းပြောပြတော့....
သူတို့ကို မုန့်ဝယ်ကျွေးဖို့ပြောလာသည်....

Love is you 💛 🍀 Complete 🍀Where stories live. Discover now