( Zawgyi )
" နိုးပြီလား... "
မနက်အိပ်ရာနိုးနိုးချင်း ကြားလိုက်ရသည့်
အသံသြသြကြီးကြောင့်
လန့်ဖြန့်ကာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့
အင်္ကျီလက် ကြယ်သီးတပ်ကာ ကျွန်တော့ကို
စကားလှမ်းပြောသည့် လူကြီး....သူက ဘာလို့ ဒီကိုရောက်ပြီး
အင်္ကျီဝတ်နေတာလဲ....
ကျွန်တော်ကရော ဘယ်လိုဖြစ်ပြီး
ဒီမှာ အိပ်ပျော်နေတာလဲ....ဘယ်လိုပင်စဉ်းစားစဉ်းစား
ခေါင်းကိုက်လာတာက လွဲပြီး ဘာမှမထူး...." အ...ကျွတ်... ကျွတ်...."
နထင်တစ်ဖက်ကို လက်ဖနောင့်ဖြင့် ဖိကာ
အိပ်ရာမှ ကုန်းရုန်းထလိုက်တော့...
နက်ကတိုင်ဝတ်ရန် လုပ်နေသည့် သူက
အနားကိုရောက်လာကာ" ရော့... ဒါလေးသောက်လိုက်....
ခေါင်းတွေကိုက်နေပြီမလား.. အရက်သမားလေး..."" အရက်သမားလေး... အရက်သမားလေး...."
သူပြောသည့်စကားအား သံယောင်လိုက်
ပြောရင်းနှင့်မှ ပြန်သတိရသွားသော
မနေ့က ကျွန်တော့၏အခြေအနေ....ဝိုင်တွေသောက်ကောင်းကောင်းနှင့်
သောက်လိုက်ရင်း ဘာဖြစ်သွားမှန်းမသိလိုက်သည့်
နောက်ပိုင်း အခန်းဆက်...." ဟီး... ဟီး...."
ဟု မျက်လုံးလေးမပွင့်တပွင့်နှင့်သူ့အား
ရယ်ပြလိုက်ပြီး သူကမ်းပေးသည့်
သံပုရာရည်နှင့် ပျားရည် ဖျော်ထားသည့်
ဖန်ခွက်လေးအား ကိုင်ပြီး
သောက်ရန်လုပ်လိုက်တော့..." တစ်ကျိုက်တည်းမော့သောက်လိုက်....
အဲ့ဒါမှ ခေါင်းကြည်သွားမှာ.... ဘယ့်နှယ့်
ဝိုင်လေး သောက်ပြီး မူးတယ်တဲ့... ကလေးပါကွာ..
သောက်ဖြင့်မသောက်နိုင်ဘဲနဲ့....
စွတ်သောက်တယ်...."သူပြောနေသည်များအား ဘာမှကို
ပြန်မဖြေရှင်းနိုင်ဘဲ... သူပေးသည့် ဖန်ခွက်ကိုသာ
ကုန်အောင်မော့သောက်နေရသည်...
အားလုံးကုန်သွားမှ" အား..ခ်ျ... ချဉ်တာ..."
" အရမ်းကြီးမချဉ်အောင် ဖျော်ခိုင်းထားတာကို
ချဉ်နေတာလား..."
YOU ARE READING
Love is you 💛 🍀 Complete 🍀
Hayran KurguChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...