34 ⏩

3.9K 370 60
                                    

( Zawgyi )

“ အဲ့ဒါဆို Hyun ငယ် ဒီနေ့ဖြစ်နေသမျှက
အဲ့ကိစ္စကြောင့်ပဲပေါ့...ကိုယ့်ကိုမမေးဘဲနဲ့
တစ်ယောက်တည်း ကြိတ်ပြီး
ခံစားနေတာလား...”

“ ရွှတ်....ရွှတ်...ဟုတ်တယ်...
ကျွန်တော့ကို ကျောင်းလည်းလိုက်မပို့ဘူး...
ပြောတော့ဖြင့် နေ့တိုင်းလိုက်ပို့မယ်ဆိုပြီးတော့
လိုက်မပို့လို့ စိတ်ကောက်နေပါတယ်ဆိုမှ
မိန်းမတစ်ယောက်နဲ့ ဟိုတယ်လ်ထဲကို
ဝင်သွားတယ်လို့ ကြားလိုက်တော့...
ခင်ဗျားစဉ်းစားကြည့်...”

ဟုဆိုရင်း ကျွန်တော့ကိုမျက်စောင်း
အစင်းတစ်ရာလောက်
ပစ်လွှတ်နေလေသည်...

သူ့နှုတ်ခမ်းထော်ထော်လေးကို
တစ်ချက် ဖိနမ်းလိုက်ပြီး

“ ကိုယ် နောက်ကို ကျောင်းအမြဲတမ်း
လိုက်ပို့နိုင်အောင် ကြိုးစားပါ့မယ်...”

ဟု ပြောလိုက်တော့

“ ဟင့်အင်း... ရတယ်...
လိုက်မပို့နဲ့...ကျွန်တော် အိမ်မှာပဲ
ပြန်နေတော့မယ်... ဒီလိုပုံစံမျိုးသာ
ခဏခဏဖြစ်ရင် ကျွန်တော် ရူးလိမ့်မယ်...”

“ မဟုတ်တာကွာ...ဘာလို့ပြန်နေမှာလဲ...”

“ Hyung က လုပ်ငန်းရှင်တစ်ယောက်
အလုပ်တွေရှိတာကို နားလည်တယ်...
အလုပ်ရှုပ်မှန်းလည်းသိတယ်...
ကျွန်တော် နားလည်ပေးရမယ်မှန်းလည်း
သိတယ်...ဒါပေမယ့် ကျွန်တော့ကို
ဂရုမစိုက်ဘဲ ပစ်ထားတာကို
နားလည်မပေးနိုင်ဘူး ဖြစ်နေတယ်...

Hyung ပဲ ကျွန်တော့ကို
ဒီလိုနားလည်မှုမရှိအောင် ဆိုးအောင်
လုပ်ခဲ့တာ...

နောက်ကို အမြဲမလုပ်ပေးနိုင်ရင်
ကတိဆိုတာကို မပေးနဲ့...
ကတိဆိုတာ ပေးပြီးရင် တည်ရတယ်...
ပါးစပ်ကထွက် ပြီး ပြီးရောဆိုပြီး
ပြောလိုက်ပြီး ကျွန်တော်ကတော့
အဟုတ်ကြီး မှတ်ပြီး မျှော်လင့်နေရတာ
အရူးလိုပဲ..."

ဟု ရင်ဖွင့်လာသည်....

“ ကိုယ် တောင်းပန်ပါတယ် ကလေးရယ်...
ကလေးပြောတာ မှန်ပါတယ်...
နောက်ကို ကတိပေးပြီးရင်
တည်နိုင်အောင် ကြိုးစားပါ့မယ်...”

“ ကျွန်တော် တကယ် စိတ်တိုတယ်
သိလား... “

ဟု မျက်ရည်လေးတွေဝဲကာ
ပြောလာတော့ ကျွန်တော့မှာ

Love is you 💛 🍀 Complete 🍀Where stories live. Discover now