( Zawgyi )
" အဲ့တော့ ကိုယ့်ကိုမြင်တော့
ပျော်သွားတယ်ပေါ့ .....ဟုတ်လား....
ဘာလဲ ကိုယ့်ကို မျှော်နေတာလား...."ိမနည်းကိုချော့မော့ပြီး မုန့်သွားစားမည်ဟု
ပြောကာ ကားပေါ်ကို တင်ခေါ်လာခြင်းဖြစ်သည်....ကားမောင်းနေရင်း ခုနက သူပြောလိုက်တဲ့
စကားလေးကို ပြန်မေးလိုက်တော့
ရိုးရိုးရှင်းရှင်းပဲ "အင်း..."ဟု ခေါင်းညိတ်ပြကာ
ပြန်ဖြေလာသည်....ဘယ်လိုကလေးတုန်း
ရှက်တာကြောက်တာလည်း မရှိ....
ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေလာသည်....ကိုယ်ကတော့ မဖြေလောက်ဘူးဟု ထင်ပြီး
မေးလိုက်တာကို သူကအေးအေးဆေးဆေး
ပြန်ဖြေလာတော့ ရှက်ရတာက
ကိုယ်ဖြစ်သွားရော...သူ့ကို ကြည့်လိုက်တော့လည်း
ဖုန်းကိုအကြည့်မပျက်
ဘာတွေကို စိတ်ဝင်တစားနဲ့ ကြည့်နေမှန်းမသိ....
တစ်ချိန်လုံးကြည့်နေတာ...." မင်း ဖုန်းကိုပဲ တစ်ချိန်လုံးကြည့်နေတာ....
ဘာတွေအဲ့လောက်တောင် စိတ်ဝင်စားနေတာလဲ....
ဘာလဲ.... စော်လေးနဲ့ ချက်နေတာလား...."ကျွန်တော့စကားအဆုံး
"ဟာဗျာ.... ပေါက်ပေါက်ရှာရှာ မဟုတ်တာက
စပြောတော့မယ်.... ဘယ်က စော်လေးနဲ့
ချက်ရမှာလဲ..... ""စော်လေး မဟုတ်ဘူးလား.... ဒါဆို စော်ကြီးပေါ့..."
"ဘယ်ကလာ....ဘဲဘဲကြီး တစ်ယောက်နဲ့
ချက်နေတာ.... "ထိုသို့ပြောအပြီး ကားပေါ်တွင် ဘာစကားမှ
ထပ်မပြောကြတော့ချေ....."ရောက်ပြီ ဆင်း..." ဆိုသည့် အသံကြား၍
ကြည့်လိုက်တော့.... ရောက်နေသည့်နေရာက
အီတလီစားသောက်ဆိုင်တစ်ဆိုင်....
သူကတော့ကားပေါ်ကနေ ဦးဆောင်ပြီး
ဆင်းသွားကာ.... ကျွန်တော့ကိုပင်မစောင့်
ဆိုင်တံခါးဖွင့်ပြီး ဝင်သွားသည်....Condition က ဘယ်လိုကြီးတုန်း....
Weather is not fine.....
ဘယ်အချိန်က ဒီလိုစဖြစ်သွားတာမှန်း မသိလိုက်....
ပြန်စဉ်းစားစမ်းဆိုပြီး ခေါင်းကို
အလုပ်ပေးလိုက်တော့.... သိလိုက်ပြီ.....
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...