( Zawgyi )
“ Happy Birthday To You
Happy Birthday To You
Happy Birthday
Happy Birthday
Happy Birthday To You....”မီးလေးတွေမှိတ်ထားကာ
နှစ်ယောက်သား ကြမ်းပြင်ပေါ်တွင်
ဘေးတိုက်အတူတူ ထိုင်နေပြီး
မွေးနေ့သီချင်းဆိုကာ
မွေးနေ့ပွဲကို ကျင်းပနေကြသည်...." ဆုတောင်းဦးလေ...."
ဟု ဆုတောင်းခိုင်းနေတာကြောင့်
လက်ဖဝါးနှစ်ခုကို ပူးကာကိုင်လိုက်ပြီး
မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်သည်..." မီးမှုတ်ပါ..."
"အတူတူ မှုတ်ရအောင်..."
ဟုပြောကာ အတူတူ မှုတ်လိုက်ကြသည်...
“ Happy Birthday Hyung....
ပျော်ရွှင်စရာမွေးနေ့လေး ဖြစ်ပါစေနော်...”ဟု ဆုတောင်းပေးလာသည့် ကောင်လေး၏
ပါးလေးအား ကိုင်လိုက်ကာ“ မင်းလေးရှိနေတာနဲ့တင် မွေးနေ့က
ပျော်ရွှင်စရာကောင်းနေပြီ...”ဟုပြောလိုက်တော့
“ မွေးနေ့လက်ဆောင်ကိုမြင်ရင်
Hyung အံ့သြသွားမယ်ထင်တယ်....
အစတော့ မွေးနေ့လက်ဆောင်က
တစ်ခုတည်းပေးမလို့ပဲ....
အခုတော့ နှစ်ခုဖြစ်သွားပြီ...”“ ဟင်... ဘာပေးမှာလဲ...
လက်ဆောင်က ရှိသေးတာလား...
ကိတ်မုန့်နဲ့တင် ပြီးပြီ မဟုတ်ဘူးလား...”“ ဟာ...ကိတ်မုန့်က ငွေအများကြီး
ကုန်တာမှ မဟုတ်တာကို...
Baek အလုပ်လုပ်ထားတာ
ဒါလေးတစ်ခုတည်းအတွက်
မဟုတ်ဘူး....”သူ့ဆီကနေ မွေးနေ့လက်ဆောင်ကို
ထပ်မမျှော်လင့်ထားတာကြောင့်
ပြောလိုက်တော့ စူပုတ်ပုတ်လေး
ဖြစ်သွားကာ သူအပင်ပန်းခံပြီး
အလုပ်လုပ်ထားကာ ကိတ်မုန့်လေး
တစ်ခုတည်းအတွက် မဟုတ်ဘူးတဲ့လေ....စူပုတ်ပုတ်ဖြစ်နေသည့်ရုပ်ကလေးကို
ချစ်မဝဖြစ်နေရတာကြောင့် ပြုံးပြီးသာ
သူ့ကို ကြည့်နေလိုက်တော့“ မွေးနေ့လက်ဆောင်က
ဘာလေးဖြစ်မလဲ စဉ်းစားကြည့်ပါလား...”ဟု ကျွန်တော့ကို စဉ်းစားခိုင်းနေတာကြောင့်
“ အင်းးးးးးးး ကိုယ်မခန့်မှန်းတတ်ပါဘူးကွာ "
ဟု ပြန်ပြောလိုက်သည်...
တကယ်ကို မခန့်မှန်းတတ်တာပေ....
ဈေးကြီးကြီးမားမားထဲကလည်း မဖြစ်နိုင်...
ဒါပေမယ့် ဈေးလည်း မနည်းလောက်ဘူး
ထင်သည်....တစ်လလုံးကြီးများတောင့
အလုပ်လုပ်ပြီး ပေးတာဆိုတော့...
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...