( Zawgyi )
ကလေးကို ကျွန်တော့အိမ်သို့ ပြန်ခေါ်လာကာ
ကျွန်တော့ခုတင်ပေါ်မှာထားထားသည်....
အိမ်အကူ အဒေါ်ကြီးနှင့် ကောင်မလေးများအား
ရေဇလုံတစ်ခုနှင့် တဘတ်သုံးထည်လောက်
ယူလာခဲ့ရန် ပြောလိုက်ပြီး....
ရေကိုလည်း ရေနွေးနွေးလေး
ယူလာခဲ့ရန် ပြောလိုက်သည်....ကလေး၏ ပြဲနေသော အင်္ကျီများအား
ကတ်ကြေးနှင့်ထိုးခွဲလိုက်ကာ
ယူလာပေးသည့် ရေနွေးလေးထဲကို
တဘတ်နှစ်လိုက်ကာ အရိုက်ခံထားရသည့်
မျက်နှာလေးကို သုတ်ပေးပြီး
လက်ကလေး ခြေကလေးတွေကို
သန့်ရှင်းရေး လုပ်ပေးလိုက်သည်.....ကျွန်တော့ ညဝတ်အင်္ကျီတစ်ထည်ကို
ဝတ်ပေးထားလိုက်ကာ အိပ်မောကျနေသေးသည့်
ကလေးအား စောင်လေးကို
ရင်ဘတ်နားအထိရောက်အောင် ခြုံပေးလိုက်ပြီး
နဖူးပေါ်သို့ကျနေသော ဆံပင်လေးအား
သပ်တင်လိုက်ရင်း အရိုက်ခံရသည့် ပါးလေးအား
ကိုင်လိုက်မိတော့ နာလို့ထင်ပါတယ် ....
မျက်မှောင်လေးကျုံ့သွားကာ
တစ်ချက်တွန့်သွားသည်....ကလေး၏ ဖြစ်သွားသည့်ပုံစံလေးအား
ကြည့်ကာစိတ်ထဲတွေ ဒေါသက
ထောင်းခနဲထွက်သွားသည်....
ချက်ချင်း ရှေ့နေကိုဖုန်းလှမ်းဆက်လိုက်ကာ
ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်ပြီး
ထိုနှစ်ယောက်အား ဖြစ်နိုင်လျှင်
ထောင်ချချင်သည်ဟု ပြောလိုက်သည်....ကျွန်တော်ဖုန်းပြောနေစဉ် ကျွန်တော့လက်အား
လာရောက်ဆုပ်ကိုင်လိုက်သော လက်ကလေး
ငုံ့ကြည့်လိုက်တော့ ကျွန်တော့အား
ခေါင်းရမ်းပြနေသည်...
သူဆိုလိုချင်တာက ဟိုနှစ်ယောက်ကို
ထောင်မချဖို့ပြောနေသည်ထင်ပါသည်....ကျွန်တော့ရှေ့နေအားနောက်မှ
ပြန်ဆက်လိုက်မည်ဟု
ပြောကာ ဖုန်းကိုချလိုက်ပြီး....
သူ့ပါးလေးအားကိုင်လိုက်ကာ" သက်သာလား ကလေးလေး....
ဘယ်နားက နာနေသေးလဲ.... "ကျွန်တော်က မေးလိုက်တော့
ခေါင်းလေးကိုရမ်းပြသည်...
ပြီးတော့ မျက်ဝန်းထောင့်လေးကနေ
မျက်ရည်တွေစီးကျလာပါလေရော....
သူ့မျက်ရည်လေးတွေကို သုတ်ပေးကာ....
နဖူးလေးကို ငုံ့နမ်းလိုက်ပြီး
![](https://img.wattpad.com/cover/171670845-288-k33942.jpg)
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...