( Zawgyi )
" အိုကေ....အိုကေ....ရပြီ လုပ်စရာရှိတာကို
လုပ်ကြပါ.... " ဆိုပြီးပြောခဲ့ကာ ဓာတ်လှေကားဆီကို
ဦးတည်ကာ ထွက်ခဲ့တော့...
အနောက်က Eun Bi က ဘယ်သွားမလို့လဲဟု
လှမ်းမေးပြီး သူမပါ လိုက်လာမလို့လုပ်နေသည်...
ကျွန်တော်က မလိုက်ခဲ့ရန် တားလိုက်ပြီး....
သူမဆီမှ master key ကဒ်ကိုသာ တောင်း၍
အကောင်ပေါက်လေးရှိသည့် အထပ်သို့သာ
တက်ခဲ့တော့သည်.....ဓာတ်လှေကားအပြင်ကို ထွက်လိုက်ကာ
အကောင်ပေါက်လေး၏ အခြေအနေကို
တစ်ချက်ရှိုးလိုက်တော့
လျှောက်လမ်းနှစ်ဖက်လုံးက
တိတ်ဆိတ်နေသည်.....မည့်သည့်အခန်းတွင် room service
ဝင်နေသည်မသိသောကြောင့်
ဘယ်ကို လိုက်ရမည်ကိုလည်းမသိဘဲ
ဓာတ်လှေကားအရှေ့တွင်သာ
မတ်တပ်စုံရပ်နေမိသည်...ထိုအချိန်တွင် အခန်းတံခါးဖွင့်သံ
ကြားလိုက်သောကြောင့် ပုန်းရန်
လုပ်လိုက်သော်လည်း
ပုန်းစရာနေရာက မရှိသောကြောင့်
ဘယ်ကိုပြေးကပ်လို့ ကပ်ရမည်မသိ....
ဟိုဘက်ပြေးကပ်လိုက် ....
ဒီဘက်ပြေးကပ်လိုက်ဖြင့်
ချွေးပင်ထွက်သွားသည်....CCTV ကနေ ကျွန်တော့ကို မြင်ရင်တော့
အလှောင်ခံလိုက်ရမည့် ဖြစ်ခြင်း....
ခုနကတော့ ရုပ်တည်နဲ့ ဝန်ထမ်းတွေကို
စကားတွေဘာတွေ ပြောခဲ့ပြီး....
အခုကျတော့ သူခိုးလူမိမှာစိုး၍
ပုန်းနေရသလိုလို.... မတတ်နိုင်ဘူး...ပုန်းရမှာပဲ....
အကောင်ပေါက်လေးကို Surpurise လုပ်ဖို့
လာတာကို ဒီလိုမျိုး အလွယ်တကူတော့
အတွေ့မခံနိုင်ပေါင်....ဓာတ်လှေကား ခလုတ်ကို
ဆက်တိုက် ငါးချက်လောက် နှိပ်လိုက်ရင်း
အသံကြားရာဘက်ကိုလည်း
ပြန်ကြည့်ရသေးသည်...
ဒုက္ခပါပဲ... ဓာတ်လှေကားကလည်း ပွင့်မလာဘူး....
ဘယ်လိုလုပ်ရပါ့....ထိုအချိန် အခန်းတံခါးပွင့်လာကာ
အကောင်ပေါက်လေးက
တွန်းလှည်းကို တွန်းပြီးထွက်လာသည်.....
ဓာတ်လှေကားတံခါးကို ကျောပြေးကပ်လိုက်ပြီး
အသက်ရှူကို အောင့်လိုက်သည်.....
ဘုရားသကြားမလို့ မတွေ့ပါစေနဲ့ဗျာ....ကျွန်တော် အခုကဲ့သို့
အားကြိုးမာန်တက်ပုန်းနေသည်ကို
အသိအမှတ်ပြုသည်ထင်....
အကောင်ပေါက်လေး ကျွန်တော့ကိုမတွေ့သွားဘဲ
မျက်နှာချင်းဆိုင်က အခန်းထဲသို့
ဝင်သွားပြန်သည်....
အီးပေလေး အလုပ်ကို ကြိုးကြိုးစားစား
လုပ်နေပုံက ချစ်ဖို့ပင်ကောင်းနေသေးသည်....
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...