( Zawgyi )
“ ကလေးလေး...ဘယ်မှာအိပ်မလဲ...”
“ဗျာ...ဘာ...ဘာကိုလဲ....”
ကျွန်တော်က ရိုးရိုးသားသား
ဘယ်အခန်းမှာ အိပ်မလဲမေးသည်ကို
ဘာတွေတွေးသွားသလဲ မသိသည့်
အကောင်ပေါက်လေးက
စကားတွေပင် ထစ်ကာ
ကျွန်တော့အား ပြန်မေးလာသည်....“ ကိုယ်မေးတာ ဘယ်အခန်းမှာ
အိပ်မှာလဲလို့...
တစ်ယောက်တည်းအိပ်မှာလား....
ဒါမှမဟုတ် ကိုယ့်အခန်းထဲမှာ အတူတူ
အိပ်မှာလားလို့...”“ တစ်ယောက်တည်း အိပ်မယ်....”
“ အိပ်ရဲတယ်ပေါ့....”
“အိပ်ရဲတာပေါ့...
ဘာလို့ မအိပ်ရဲရမှာလဲ...”“ ကိုယ်တောင် ကိုယ့်အခန်းကလွဲပြီး
တစ်ခြားအခန်းမှာ သွားမအိပ်ဘူး...”“ ဘာလို့လဲ...”
“ မအိပ်တတ်လို့....”
“ဟင်...”
“ ခုတင်ပြောင်းပြီး
အိပ်ရာပြောင်းရင် အိမ်မက်ဆိုးတွေ
မက်ပြီး နေမကောင်းပါဖြစ်လို့....”“ အဲ့ဒါဆို ခရီးထွက်ရင်ရော...
ဟိုတယ်လ်တွေမှာ မအိပ်ဘူးလား....
အဲ့မှာလည်း လူကြီးရဲ့အခန်းမှမဟုတ်တာ...”“ အဲ့ကျရင် ကိုယ်တစ်ယောက်တည်း
မအိပ်ဘူးလေ...”“ ဗျာ...”
“ ကိုယ့်အတွင်းရေးမှူးနဲ့အိပ်တာ...”
“ ဘာ...ဘာ...လူကြီး....”
ကိုယ်က ပြောစရာရှိတာကို
ပြောလိုက်သော်လည်း
အတွေးကောင်းနေသော
အကောင်ပေါက်လေးက ကျွန်တော့ကို ပျာပျာသလဲ ခေါ်လာသည်....ထိုတော့မှ ကျွန်တော်ပြောလိုက်သည်ကို
ပြန်စဉ်းစားလိုက်တော့ အီးပေလေးက
ကျွန်တော့ကို အထင်လွဲနေပြီ....“ အာ...မဟုတ်ဘူးလေ...
အခန်းထဲကို ခေါ်ထားတာကိုပြောတာ...”“ သွား...မသိဘူး...”
ကျွန်တော်ရှင်းပြလိုက်သော်လည်း
ကောက်ခါငင်ကာကို မသိဘူးဆိုပြီး
ငြင်းလွှတ်သည်....“ ဘာကို မသိတာလဲကွာ...
ကိုယ် သူနဲ့ အတူတူမအိပ်ဘူး...
အခန်းထဲမှာ တစ်ယောက်တည်း
မအိပ်ရဲလို့ ခေါ်ထားတာ...
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanficChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...