31 ⏩

3.9K 378 49
                                    

( Zawgyi )

“ Hyunငယ်....
ခေါက်ဆွဲက အခုစားမှာလား... “

ဟု ကျွန်တော် အင်္ကျီဝတ်နေတုန်း
လာမေးလေသည်…..

“ ဟုတ်....အခု စားချင်တာ...
ခေါက်ဆွဲထုပ် ရှိလား Hyung....”

“ အင်း.... မီးဖိုချောင်မှာ တွေ့တယ်...”

“ ခဏလေး...ခဏလေး Hyung...
Baek လာခဲ့မယ်...”

ဆိုကာ ပြောပြောဆိုဆိုဖြင့်
သူ့လက်မောင်းကို ဆွဲချိတ်ကာ
အခန်းထဲကနေ ထွက်လာခဲ့တော့သည်....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တကယ်ပါပဲ...သူပဲ အမျိုးမျိုး
တတ်လည်းတတ်နိုင်တယ်....
ခုနကတော့ လူကိုကြောက်လို့ဆိုပြီး
ရေချိုးခန်းထဲက ထွက်မလာဘဲနဲ့
အခုကျတော့လည်း လူကို
လက်မောင်းကိုလာချိတ်ပြီး
ခုန်ဆွခုန်ဆွနှင့် လိုက်ထွက်လာသည်...

မီးဖိုချောင်ရောက်တော့
ကျွန်တော်ကမတ်တပ်ရပ်ကာ
ခေါက်ဆွဲပြုတ်နေပြီး သူ့ကိုတော့
ထမင်းစားပွဲတွင် ထိုင်စောင့်ခိုင်းထားလိုက်သည်
သူလေးကဖုန်းသုံးကာ ထိုင်စောင့်နေရင်း

“ Hyung....Hyung....”

ဆိုကာ ကျွန်တော့အားလှမ်းခေါ်နေပြန်သည်...
ကိုကို လို့ ခေါ်ပါလို့ ပြောထားတာကို
Hyung ဆိုပြီးခေါ်နေတာကြောင့်
မထူးဘဲ မကြားချင်ယောင်
ဆောင်ကာ ခေါက်ဆွဲပြုတ်အိုးကိုသာ
မွှေနေလိုက်သည်...

ကိုကိုလို့ မခေါ်မချင်း
ပြန်မထူးဘူးကြည့်ထား....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြောစရာရှိတာကြောင့် ဖုန်းကြည့်နေရင်းဖြင့်
Hyungဆိုကာ လှမ်းခေါ်လိုက်သော်လည်း
ပြန်ထူးသံမကြားတာကြောင့်
သူ့ကို လှမ်းကြည့်လိုက်တော့....
ခေါက်ဆွဲ​ပြုတ်အိုးကိုသာ
သည်းကြီးမည်းကြီး မွှေနေသည်....

ကျွန်တော့ကို ထမင်းစားပွဲတွင်သာ
ထိုင်စောင့်နေပါ...ခေါက်ဆွဲကို
သူပြုတ်ပေးပါမည်ဟု ပြောထားသောကြောင့်
ဖုန်းသုံးနေရင်းဖြင့် ထိုင်စောင့်နေရခြင်းဖြစ်သည်....

“ Hyung လို့....”

ဟု ထပ်ခေါ်လိုက်သော်လည်းမထူးပေ...
ဒါမကြားတာတော့ မဖြစ်နိုင်တော့ဘူး...
တမင် မထူးတာပဲ နေမှာ....
သူ့ကို Hyung လို့ခေါ်လို့
မသိချင်ယောင်ဆောင်နေတာနေမှာပေါ့...
ဟွန့်...လူလည်ကြီး...

Love is you 💛 🍀 Complete 🍀Where stories live. Discover now