( Zawgyi )
ဟိုလူထိုးလိုက်လို့ ထိသွားသည့်
ကျွန်တော့ နှုတ်ခမ်းထောင့်က
သွေးတို့အား လက်ဖြင့်သုတ်လိုက်ကာ
ခုတင်ပေါ်သို့ ပြန်တက်လိုက်ပြီး ကလေးအား
ဆွဲပွေ့လိုက်တော့ ကျွန်တော့လက်ထဲတွင်
ခွေခွေလေး ပါလာလေသည်....
ကျွန်တော့ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး
သူ့ပါးလေးအား ပုတ်ကာ နှိုးကြည့်တော့" ကလေးလေး.... ကလေးလေး.....
ကိုယ့်အသံကိုကြားလား....
ကြားရင်မျက်လုံးဖွင့်ကြည့်...
ကိုယ့်ကို ကြည့်စမ်း ကလေးလေး...."ဟုပြောလိုက်တော့ မျက်မှောင်လေးကျုံ့သွားကာ
မျက်လုံးလေးကို တစ်ဖြည်းဖြည်းချင်း ဖွင့်ကြည့်ပြီး
ကျွန်တော့ကိုတွေ့တော့ ယဲ့ယဲ့ကလေး
ပြုံးပြသည်....ပြီးတော့" Hyung....ကျွန်တော် ကြောက်နေခဲ့တာ....
ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်...."လို့ပြောကာ ကျွန်တော့ရင်ခွင်ထဲတွင်
မေ့သွားတော့သည်....ငါ့ကလေးကို ဒီလိုဖြစ်အောင် လုပ်တဲ့ကောင်တွေကို
ထောင်ထဲမှာနေရအောင် ငါလုပ်ပေးမယ်....
ကျွန်တော့လက်ချက်ကြောင့် မထနိုင်အောင်
မေ့လဲနေကြသည့် နှစ်ကောင်စလုံးအား.....
လွတ်သွားမည်စိုးသောကြောင့်
Eun Bi အားဖုန်းလှမ်းဆက်ကာ ရဲခေါ်ခိုင်းပြီး
ချက်ချင်းဒီကိုလာခိုင်းလိုက်သည်...သူမတို့ အခန်းထဲရောက်ရောက်ချင်းမှာပင်
နောက်ရက်မှ ဆက်ရှင်းမည်ဟုပြောကာ....
လောလောဆယ်တော့ သူတို့ကို ရဲစခန်းက
ထိန်းသိမ်းထားပေးရန် အကူအညီ
တောင်းလိုက်သည်....
ဖြစ်သည့်ပြသနာအားမပြောပြနိုင်ဘဲ
ကျွန်တော့အရှိန်နှင့် ဖိပြီး ခိုင်းခဲ့ခြင်းဖြစ်သည်....ကျေအေးပေးတာမျိုးတွေ ရှိမည်မဟုတ်ဘဲ
မဖြစ်မနေ ထောင်ချကို ချပစ်မည်ဖြစ်ကြောင်း
ပြောခဲ့ကာ ကလေးကိုပွေ့ချီပြီး အခန်းထဲကနေ
ပြေးထွက်တော့ သူမက ကျွန်တော့လက်မောင်းကို
လှမ်းဆွဲလိုက်ကာ....
ဘာဖြစ်တာလဲဟုမေးသည်....." လူယုတ်မာတွေ ငါ့ကလေးကို
မကောင်းကြံမလို့လုပ်နေတာ....
အဲ့ကောင်တွေကိုထောင်ချပစ်မှာ...မလွတ်စေနဲ့....
နောက်ရက်မှ အမှုကိုဆက်လိုက်မယ်....
သူတို့ကို အရင် အချုပ်ထဲထည့်ထားပေး....
Eun Bi....ငါသွားပြီ....
တောက်ခ်....ခွေးမသားတွေ...."
![](https://img.wattpad.com/cover/171670845-288-k33942.jpg)
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...