( Zawgyi )
" ဟျောင့်...ဟျောင့် Baekhyun...
မင်းရဲ့ Hyung ရော ဒီနေ့မင်းကို
ကျောင်းလိုက်ပို့လား..."ဟု ခေါင်မိုးထပ်တွင် ထိုင်နေသည့်
ကျွန်တော့ ကျွန်တော့ဘေးနားကို မေးရင်း
ရောက်လာကြသည့် ကျွန်တော့သူငယ်ချင်း
နှစ်ယောက်....အိမ်မှာကတည်းက သူ့ကို
စိတ်ကောက်လာပြီး ကျောင်းကိုတောင်
တစ်ယောက်တည်းလာပါတယ်ဆိုမှ
ဘယ်လိုဖြစ်လို့ ကျောင်းလိုက်ပို့လားလို့
လာမေးနေကြတာလဲမသိဘူး...." ဟင့်အင်းးးးး င့ါဘာ့သာငါ တစ်ယောက်တည်းလာတာ...."
ကျွန်တော့အဖြေလည်းကြားရော
တစ်ယောက်မျက်နှာကို
တစ်ယောက်ကြည့်လိုက်ကြပြီး
အသံတိတ် စကားပြောနေကြသည်....တစ်ခုခုပြောစရာရှိနေမှန်း
ကျွန်တော်ကလည်း ရိပ်မိသည်ကြောင့်...." ဘာဖြစ်လို့လဲ...ဘာလို့မေးတာလဲ..."
ဟု သူ့တို့ကိုမေးလိုက်တော့
ပြောရင်ကောင်းမလား
မပြောရင်ကောင်းမလားဆိုသည့်
ပုံစံတွေနှင့် တွန့်ဆုတ် တွန့်ဆုတ်
လုပ်နေကြသည်...." ပြောစမ်းပါ ဘာလဲလို့...
စိတ်က တိုနေရတဲ့အထဲ
ဘာတွေလာလုပ်နေကြတာလဲ....
မပြောရင်လည်း နေ...သွားတော့မယ်
ဆိုကာ ကျွန်တော်တို့ ထိုငိနေသည့်နေရာမှ
ထလိုက်တော့ Jongdae က
ကျွန်တော့လက်ကို ဆွဲလိုက်ကာ...." ဟျောင့်....ငါ ငါတို့လည်း
သိပ်တော့ မသေချာဘူးနော်...
ဒါပေမယ့် တွေ့လိုက်လို့ ပြောပြတာ...."" ဘာကြီးကိုလဲ...."
" မင်းရဲ့ Hyung ကို....."
"မင်းတို့က ဘယ်မှာတွေ့ခဲ့လို့လဲ...."
" Wait မှာ...."
" Wait ဆိုတာ...."
" ငါတို့ ကျောင်းကိုလာတဲ့လမ်းပေါ်က
Hotel အကြီးကြီးလေ..."" သြော်....အဲ့ဒါ သူ့ Hotel လေ
မင်းတို့ကလည်း အထူးအဆန်းလုပ်လို့...."" ငါတို့သိတယ် သူ့Hotel မှန်း...
သူ့ဘေးက ကောင်မလေးကိုသာ
ဘယ်သူမှန်းမသိတာ..."ဟု Xiumin ကထပြောလေသည်.....
" ဘာ... ကောင်မလေးဟုတ်လား..."
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...