( Zawgyi )
ကျွန်တော်အသည်းယားလာတာနဲ့
သူ့ခေါင်းလေးကို ပုတ်လိုက်ပြီး" ကဲ... ငိုလို့ဝပြီလား... ဝရင်
ဆေးခန်းဝင်ပြရအောင်... ထ..."လို့ပြောလိုက်တော့ မျက်နှာငယ်လေးနှင့်
ဟိုလှည့်ကြည့် ဒီလှည့်ကြည့်
လုပ်နေတော့ ဘာတွေကြည့်နေတာလဲဟု
မေးလိုက်တော့....." Nurse မမတွေ ရှိလားလို့ ကြည့်နေတာ..."
" Nurse ကို ဘာလုပ်မလို့လဲ..."
" ကျွန်တော်လမ်းမလျှောက်နိုင်လို့ တွဲခိုင်းမလို့..."
ဟု ပြန်ပြောလာသည်...
ကြည့် စိတ်ကောက်နေတာ မပြေသေးဘူးပဲ...
ပြောလိုက်တာ အဲ့လို သဘောမျိုး
ပေါက်သွားလိမ့်မယ်လို့
တစ်ခါမှမတွေးဖူးဘူး....ကျွန်တော်စကားပြောရင်
အဲ့လိုပဲ ပြောနေကြဆိုတော့
ပြောနေကြအတိုင်းပဲ....ပြောလိုက်တာကို....
သူအဲ့လိုလေးတွေးတယ်ဆိုတော့....
ကျွန်တော်ထိုစကားကို တစ်ခြားလူတွေကို
ပြောခဲ့တုန်းက သူ့လိုပဲ
တွေးနေခဲ့ကြမလားမသိဘူး....ကျွန်တော် တစ်ခု သိလိုက်ရတာပေါ့...
ဒီလိုမျိုးပြောတာက တစ်ဖက်သားအတွက်
အဆင်မပြေဖြစ်စေနိုင်တယ်ဆိုတာကို....တွေးနေရင်းနဲ့ ဟိုအရှေ့မှာလာနေတဲ့ Nurse
တစ်ယောက်ကို တွေ့တော့ ခေါ်ရန်
ဟန်ပြင်နေတဲ့ကောင်လေးကို
ပြန်ပွေ့ချီလိုက်တော့...
အံ့သြသွားတဲ့ရုပ်ကလေးနဲ့
သူပြုတ်ကျမှာစိုးလို့ ကျွန်တော့
လည်ပင်းကိုသူ့လက်ကလေးနဲ့
သိုင်းဖက်လာသည်...." ပြောတော့ စိတ်မဆိုးတော့ဘူးဆို...
အခုကျတော့ ဘာဖြစ်လို့ Nurse ကိုရှာမယ်
လုပ်နေတာလဲ..."" မဟုတ်ပါဘူး... ကျွန်တော်တကယ်
စိတ်မဆိုးပါဘူး... သူ့ကို အားနာလို့...."" ဘယ်က သူ့ကိုလဲ..."
" ခင်ဗျားကို ပြောနေတာ..."
" အယ် ....အကြီးကို ခင်ဗျားလို့ ပြောရလား...
ငရဲကြီးမယ်နော်...""မဟုတ်ပါဘူး.... ဘယ်လိုခေါ်ရမလဲ မသိလို့လေ....
နာမည်ခေါ်ရမှာလား... Chanyeol shi လို့လေ
အဲ့ဒါက ပိုအဆင်မပြေသလိုပဲမို့လို့....."
YOU ARE READING
Love is you 💛 🍀 Complete 🍀
Fiksi PenggemarChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...