33 ⏩

4.1K 392 36
                                    


( Zawgyi )

အိပ်ခန်းထဲထိရောက်အောင် တွဲခေါ်လာခဲ့ကာ
သူ့ကို ခုတင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်...
ခဏစောင့်ဆိုကာ ရေဇလုံလေးတစ်ခုထဲသို့
ရေနွေးနွေးလေးထည့်၍ ယူလာပြီး
သူ့ခြေထောက်ကလေးကို ဆေးပေးမလို့
ခုတင်အောက်တွင် ထိုင်လိုက်တော့
သူလေးက မလုပ်စေချင်၍
ပျာပျာသလဲ တားမြစ်လာသည်...

“ ဟင့်အင်းးးးး ရတယ် မလုပ်ပါနဲ့...
ကျွန်တော့ဘာ့သာပဲ ရေချိုးခန်းထဲမှာ
သွားဆေးလိုက်မယ်....”

ဟု သူ့ကိုယ်သူတောင် ကျွန်တော်ဆိုသည့်
အသုံးအနှုန်းနှင့် သုံးလာသည့်ကလေး
ကျွန်တော့အပေါ်တွင် တကယ်ကို
စိတ်မကြည်ဘူးနှင့် တူပါသည်....

“ ရတယ်...ကလေးဒီနေ့ပင်ပန်းလာပြီး
စိတ်မကြည်ဘူးမလား....”

“………… “

အဖြေပြန်မရသည့် ကောင်ငယ်လေး၏
ခြေထောက်လေးကို ယူလိုက်ကာ
ကျွန်တော့ပေါင်ပေါ်ကို အရင်တင်ပြီး
ဘောင်းဘီအနားစလေးကို
ခေါက်လိုက်သည်...

ဘောင်းဘီ နှစ်ဖက်စလုံးကို
ခေါက်လိုက်ပြီး ခြေအိတ်ဖြူဖြူလေးကို
ချွတ်လိုက်တော့ ခြေထောက်ဖြူဖြူလေးက
ထွက်လာသည်....

ခြေထောက်လေးကအစ
ချစ်ဖို့ကောင်းနေသည်ကတော့
တစ်ချက်လွန်ပြီထင်....

ရေနွေးလေးထဲကို အရင်စိမ်လိုက်သည်...
ခြေဖမိုးလေးအပေါ်လေးပါ ရေစိုအောင်
လက်ဖဝါးဖြင့် ရေခပ်ပြီးလောင်းလိုက်သည်..

ထို့နောက် ခပ်ဖွဖွလေးပွတ်တိုက်ပြီး
ခြေဖဝါးလေးအလယ်လေးကို
ဖြည်းဖြည်းလေး ဖိကာနှိပ်လိုက်သည်...

စကားတစ်ခွန်းမှ မပြောလာပါဘဲ
လက်ကလေးနှစ်ချောင်းကို
ပေါင်လေးပေါ်တင်ပြီး ခေါင်းလေးကိုသာ
ငုံ့ထားသည်....

“ Hyun ငယ်.... ဘာတွေ
စိတ်ထဲ အလိုမကျဖြစ်နေလဲ....”

ကျွန်တော့မေးခွန်းအဆုံး ခေါင်းလေးသာ
ရမ်းပြသည်...

“ မနက်ကတည်းက ကလေးကိုယ့်ကို
စိတ်ကောက်သွားတာ မပြေသေးတာလား...”

ဟု မေးလာသည်... ဟုတ်ပ
သူပြောမှ သတိရတယ်....
မနက်ကတည်းက ငါသူ့ကို
စိတ်ကောက်ထားတာပဲ....

Love is you 💛 🍀 Complete 🍀Where stories live. Discover now