25 ⏩

4.7K 483 91
                                    

( Zawgyi )

သူလေးစတင်ခဲ့သော အနမ်းဖြစ်ပေမယ့်
ဦးဆောင်သူကလည်း ကျွန်တော် ....
ခရီးဆုံးအထိ တွဲခေါ်သွားသူကလည်း
ကျွန်တော်ပဲ ဖြစ်နေကာ
ဇာတ်လမ်း စခဲ့သည့် သူလေးကတော့
ကျွန်တော့အနောက်ကနေ
မျက်စိကို စုံမှိတ်လို့ လိုက်ပါလာခဲ့သည်....

နမ်းနေတာကို ရပ်လိုက်တော့
အသက်ကို လုရှူနေသည့် ပုံစံလေးရယ်....
အချိန်ကြာမြင့်စွာ ကျွန်တော့နှုတ်ခမ်း၏
ဆွဲယူစားသုံးမှုကို ခံထားရသည့် နီရဲနေသည့်
နှုတ်ခမ်းလေးရယ်နှင့် ကျွန်တော်နှင့် အကြည့်ချင်း
မဆုံရဲ၍ ကျွန်တော့ ရင်ဘတ်ဆီသို့သာ
အကြည့်ပို့ထားသည့် မျက်ရစ်မရှိသည့်
မျက်လုံးလေးရယ်ကို အနီးကပ်
ကြည့်ကာ ကြည့်ကာဖြင့် အသည်းတွေ
ယားလာကာ ထပ်နမ်းရန် အနားကိုကပ်လိုက်ချိန်
သူ့လက်ကလေးနှစ်ခုဖြင့် ကျွန်တော့ ရင်ဘတ်ကို
တွန်းထားသည်....

တွန်းထားသည့် သူ့လက်ကလေးကို ယူလိုက်ကာ
ကျွန်တော့ ပုခုံးလည်ပင်းကို သိုင်းဖက်စေရန်
ပုခုံးပေါ်ကို တင်ပေးလိုက်တော့
ကြောင်တောင်တောင်လေး
လူကိုကြည့်နေပြန်သည်....

" ကိုယ့်ကို ဖက်ထား...."

ဟု ပြောလိုက်တော့
လူကိုကြောင်ပြီးကြည့်နေသည့်
ကောင်လေးအား အဖိအဖွ ကောင်းကောင်း ဖြင့်
နမ်းနေသည့် အနမ်းဖြစ်ပေမယ့်
သူလေးဘက်က တုံ့ပြန်လာခြင်း
မရှိသည့်အတွက် နမ်းနေတာကို
ရပ်လိုက်တော့ သူလေးက မျက်လုံးလေးကို
ဖွင့်ကြည့်လာသည်.....

ထိုမျက်ဝန်းလေးထဲကို စိုက်ကြည့်ကာ

" ကိုယ့်ကို ပြန်မနမ်းဘူးလား...."

ဟု ရုပ်တည်နှင့်မေးလိုက်တော့
အထစ်ထစ် အငေါ့ငေါ့ဖြင့်
ပြန်ဖြေလာသည်က

" အဲ့.... အဲ့လိုကြီးတော့ မ... မနမ်းတတ်ဘူး...."

" ဒါဆို ဘယ်လိုနမ်းတတ်လဲ.... နမ်းပြ...."

ဆိုကာ ကျွန်တော့ နှုတ်ခမ်းကို
သူ့နားကို တိုးပေးတော့
တကယ် ထိတယ်ဆိုမှ ထိရုံလေး
ဖွဖွလေးလာထိကာ နမ်းသွားသည်....

" ဒါပဲလား..."

ဟုမေးလိုက်တော့ မျက်လုံးချင်းဆုံအောင်
မကြည့်တော့ဘဲခေါင်းလေးကိုပဲ ညိတ်ပြသည်.....

Love is you 💛 🍀 Complete 🍀Where stories live. Discover now