( Zawgyi)
ကားပေါ်ကလူက
ဆေးခန်းလိုက်ပြပေးမယ်လို့ပြောတော့
ကောင်လေးက ငြင်းကာ..." ရပါတယ်.... မပြပေးပါနဲ့ .....
ဆေးလိမ်းလိုက်ရင် ကောင်းသွားမှာ....
ရတယ်.... ကျွန်တော့ဘာသာ ဒါလေးတွေ
လိုက်ပို့ပြီးမှ ဆေးဝယ်ထည့်လိုက်မယ်....
ခင်ဗျားသွားစရာရှိတာသာ သွားပါ...
အရေးကြီးကိစ္စရှိတယ်မလား....
သွားပါ... ကျွန်တော်ကရတယ်... "အခုခေတ်က ဇာတ်လမ်းဆင်ချင်တဲ့ လူတွေက
ခပ်များများဆိုတော့ စတွေ့ကတည်းက
ပိတ်ဟောက်ထားတဲ့ ကောင်လေးက
သူ့ဘက်ကလမ်းမှန်ပြီး ကျွန်တော့ဘက်ကသာ
မှားတာဖြစ်ကြောင်း.....လူကိုလည်း တစ်ခွန်းမကျန်
ကပ်ကပ်လန်နေအောင် ရန်ပြန်တွေ့ပြီး
ကျွန်တော်မှားကြောင်းကို
တောင်းပန်လိုက်တော့လည်း
ရန်စကားကိုထပ်မဆိုတော့ပေ....လုပ်ကြံဇာတ်ခင်းထားတာမျိုးလည်းမဟုတ်...
သူ့လက်မှာ သွေးထွက်ပြီး
ခြေထောက်နာသွားတာတောင်လူဆီကနေ
လျော်ကြေးဘာညာ တစ်ခွန်းမပြောဘဲ
အသာတကြည် သွားခိုင်းနေပြန်ကာ....
လူကိုတောင် အရေးကြီးကိစ္စရှိလို့
ဒီလိုမှားတာဆိုပြီး နားလည်ပေးတယ်....သူလက်ရှိလုပ်နေတဲ့ အလုပ်လေးတွေဆိုလို့
ကြည့်လိုက်တော့ သူက မနက်ခင်း
ဒီလိုစောစောစီးစီးမှာ....
သတင်းစာလိုက်ပို့နေတာကိုး....သူ့ဒီလိုနာနေပုံမျိုးနဲ့ ဘယ်လိုလုပ်
စက်ဘီးနင်းနိုင်တော့မှာလဲ....
ကျွန်တော် သက်ပြင်းတစ်ချက်ချလိုက်တော့
သူကမော့ကြည့်ပြီး...." ဘာဖြစ်လို့ သက်ပြင်းတွေချနေတာလဲ....
ကျွန်တော့ကို စိတ်ရှုပ်လို့လား....
အဲ့ဒါကြောင့် ထားသွားပါဆိုမှ..."" ဆေးခန်းလေးတော့ပြမှ
ဖြစ်မယ်ထင်တယ်နော်... ရာသီဥတုက
အေးကအေးနဲ့ တော်ကြာ အနာရင်းပြီး
မင်းနောက်နေ့ကျရင် ဖျားနေမယ်...."" ရပါတယ်ဗျာ... ဖြစ်နေကြတွေပါ....
ဆေးခန်းပြရလောက်တဲ့အထိ ဒဏ်ရာတွေက
မကြီးပါဘူး...ဆေးလေးဝယ်ထည့်လိုက်ရင်
ရပါတယ်..... ကဲပါဗျာ... ဖျားတော့မှ
ဆေးခန်းပြလိုက်ပါ့မယ်..... "
![](https://img.wattpad.com/cover/171670845-288-k33942.jpg)
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...