( Zawgyi )
ဟိုတယ်ရှေ့မှာ ကားရပ်ပြီး
ကားပေါ်မှ ဆင်းဆင်းချင်း
ဟိုတယ်လ်ထဲကို လှမ်းကြည့်မိတော့
Reception အရှေ့တွင် စုဝေးကာ
တန်းစီပြီး မတ်တပ်ရပ်နေသော
ဝန်ထမ်းတွေကိုမြင်တာနဲ့
ကျွန်တော် ဒီနေ့ဒီကိုလာမည်ဆိုသည့်
သတင်းကို ကုမ္ပဏီမှ လူအချို့က
သတင်းလှမ်းပေးထားမှန်း သိလိုက်သည်....မသိစေချင်၍ အခုလို ညနေပိုင်းလောက်
ရောက်မှ လာခဲ့ပါတယ်ဆိုမှပဲ....
ဒီလိုသိနေပုံထောက်ရင် ဘယ်လိုလုပ်
သူတို့ရဲ့ပုံစံအမှန်ကို သိနိုင်ပါတော့မလဲ....
ဟန်ဆောင်ထားတဲ့ အပြုအမူတွေ ၊
အနေအထားတွေကိုပဲ မြင်ရတော့မည်....စိတ်တိုလာတာကြောင့်
သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး
ဟိုတယ်လ်ထဲကို ဝင်လာခဲ့တော့....
ဝန်ထမ်းတွေအားလုံးက တစ်ပြေးညီတည်း
နှုတ်ဆက်ကြသည်...
ကျွန်တော်လည်း အသိအမှတ်ပြု
ခေါင်းပြန်ညိတ်ပြကာ....
ဝန်ထမ်းတစ်ယောက်ချင်းစီကို
လိုက်ကြည့်မိသည်....
ဝန်ထမ်းတွေများနေပေမယ့် ကျွန်တော်တွေ့ချင်တဲ့
တစ်ယောက်ပျောက်နေသလိုပဲ..." ဝန်ထမ်းက ဒါအကုန်ပဲလား...."
ဟု ကျွန်တော့၏အမေးအား Eun Bi မှ
ပြန်ဖြေသည်....." အခန်းတွေကို သန့်ရှင်းရေး
လိုက်လုပ်နေတဲ့ ဝန်ထမ်း တစ်ယောက်တော့
ကျန်ပါသေးတယ်......"ဟော သူမပြောလိုက်သည့် တစ်ယောက်ဆိုသည်မှာ
ကျွန်တော့၏ အကောင်ပေါက်လေးဖြစ်မည်
ထင်သည်.... ကလေးကို အခန်းသန့်ရှင်းရေး
အပိုင်းတွင် ထည့်ထားတာ ဖြစ်ရမည်.....
တစ်ခြား position တွေ ရှိနေပါလျက်နဲ့
ကလေးကို ဒီနေရာတွင် ထား ထားသည်ကို
စကားတော့ ပြောရဦးမည်.....
Interview ကတည်းက သူလေးကိုခန့်ပေး....
သင့်တော်မည့်နေရာ ထားပေးဟု
သူမလက်ထဲ ထည့်ပေးခဲ့ခြင်း ဖြစ်သည်.....
ဟိုတယ်လ်တွင် ဝန်ထမ်းခန့်ခြင်းကို
ကျွန်တော် ဝင်မပါခဲ့ပေမယ့်....
ဒီကလေးကိုကျမှ ကျွန်တော် ဝင်ပါမိနေသည်.....Eun Bi ဆိုသည်မှာ ကျွန်တော့၏ ငယ်သူငယ်ချင်း
ဖြစ်သည်... ကျွန်တော့အပေါ်မှာ ခံစားချက်
ရှိနေသည်ဟုလည်း ဝန်ခံထားဖူးသည့် သူမကို
ကျွန်တော်ကတော့ မျက်နှာ နာနာနှင့်ပဲ
သူငယ်ချင်းတစ်ယောက်ထက် ပိုရန် ခက်ခဲသည်ဟု
ပြန်ပြောထားခဲ့ပြီးသားဖြစ်သည်.....
![](https://img.wattpad.com/cover/171670845-288-k33942.jpg)
YOU ARE READING
Love is you 💛 🍀 Complete 🍀
FanfictionChanyeol - " Hyun ငယ် ကိုယ့်အတွက်တော့ အချစ်က မင်းလေး ဖြစ်ပြီး မင်းလေးက အချစ် ဖြစ်တယ်...." Baekhyun - " ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် လူကြီးကို ချစ်လား မချစ်ဘူးလား မသေခ...