Prologue 💐 Rain

21.1K 1.1K 43
                                    

(ZAWGYI)

Tae ~

စိတ်ကသိကအောက်ဖြစ်စွာနှင့် သတိတရရှိနေခြင်းကို အလွမ်းလို့ ခေါ်ဆိုလို့ ရမည်ဆိုလျှင် ကျွန်တော်သူ့ ကိုလွမ်းနေတာနှစ်အချို့ပင်ကြာညောင်းချေပြီ။

မေ့ပျောက်ဖို့ နည်းပေါင်းစုံဖြင့်ကြိုးစားသော်လည်း မအောင်မြင်တာ ကျွန်တော် ညံ့လို့ ဖြစ်ရသည်လို့ပဲကိုယ့်ကိုကိုယ်သတိမှတ်လေတာ သူမသိ။

စည်းတစ်ခုကိုဖြတ်ကျော်ဖို့ ကြိုးစားတိုင်း လက်ငါးချောင်းမပြည့်သည့် အမှတ်တရတွေက မဟာတံတိုင်းသဖွယ် တားဆီးလာတတ်တာကလည်း စိတ်ပျက်ဖွယ်။

(ဖြောက်..ဖြောက်..ဖြောက်.....)

မှန်တံခါးကို လာရောက်ထိခတ်သည့် ခပ်စိတ်စိတ်ရွာသွန်းနေတဲ့ မိုးစက်တွေ...

ထိုမိုးစက်တွေက ကသိကအောက်ခံစားချက်ကို ပိုမိုဆိုးရွားစေပေမယ့် ကျွန်တော် သဘောကျနှစ်ခြိုက်လေသည်။

အထူးသဖြင့် ဘယ်ပြတင်းပေါက်ကကြည့်ကြည့် မြင်နေရတဲ့ အိမ်ပတ်ပတ်လည်က ကျူးလစ်ပန်းခင်းကြီးပေါ် မိုးစက်တွေဆင်းသက်လာတာကို ငေးကြည့်ရခြင်းဟာ ကျွန်တော့်အတွက် ဘယ်တော့မှ မရိုးတဲ့ သက်ရှိပန်းချီကားတစ်ချပ်ပင်။

ခပ်နိမ့်နိမ့်ထိဆင်းသက်လာတဲ့ မီးခိုးရောင်တိမ်ထုတွေက ပတ်ဝန်းကျင်ရဲ့ အလင်းရောင်ကိုပါ ၀ါးမြိုလိုက်တာမို့ နေ့ ခင်းဘက်ပေမယ့် နေ၀င်သွားတဲ့ ညနေစောင်းတစ်ခုလို ခပ်မှောင်မှောင်...

ထိုအမှောင်ထဲမှာတောင် ထင်းလင်းနေသေးတဲ့ ကျွန်တော့်ရဲ့ရောင်စုံကျူးလစ်ပန်းတွေရဲ့အရောင်အသွေးဟာ မိုးရေကြောင် နဂိုရှိရင်းစွဲထက် စိုရင့်နေလျှက်....
ဒါပေမယ့် ကျွန်တော် အနှစ်သက်ဆုံး ခရမ်းရောင်ကျူးလစ်တွေကတော့ ကျွန်တော်ရဲ့ခံစားချက်တွေကို သိရှိသည့်အလား ဖျော့တော့စွာငြိမ်သက်နေကြသည်။
ဒါကြောင့်လဲ ကျွန်တော့်အပေါ် သိပ်သစ္စာရှိတဲ့ ခရမ်းရောင်ကျူးလစ်တွေကို ပိုနေရာပေးမိခြင်းဖြစ်မည်။

မှန်ပြတင်းကိုတွန်းဖွင့်လိုက်တော့ မိုးစက်မှုန်တွေက မျက်နှာကို လာရောက်တိုက်ခတ်နေသလို မိုးဦးကျခါစမို့ ရေထိခါစ မြေကြီးနံ့ ခပ်သင်းသင်းကလဲ နှာခေါင်းဝကိုကလူကျီစယ်လာသည်။

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now