XV 💐 Appa

7.6K 682 159
                                    

(ZAWGYI)

Suga ~

ကလေးတွေကို ကျန်မာရေးဆိုင်ရာ သိသင့်တဲ့အချက်လေးတွေ ဗဟုသုတအနေနဲ့ ပြောပြနေတုန်း အသာလှမ်းကြည့်လိုက်တော့ ခပ်လှန်းလှန်းကဒါန်းပေါ်မှာထိုင်ရင်း ကလေးမလေးတစ်ယောက်နဲ့ စကားပြောနေတဲ့ Jin Hyung.

ကိုယ့်ထက်စာရင် ဒက်ခ်ျလိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ Jin Hyung က ကလေးတွေနဲ့ ဆက်ဆံရေးပိုကောင်းလေသည်။နေ့ လည်စာစာတုန်းကရော... ပုံပြင်ဖတ်ပြတုန်းကရော ကလေးတွေကသူ့နားမှာဝိုင်းနေတာ...
ခေါ်တုန်းက  အင်တင်တင်နဲ့ ပေမယ့် တကယ်ပါလာတဲ့အချိန်မှာတော့ စိတ်ပါလက်ပါကူညီပေးတဲ့ Jin Hyung ကိုတကယ်ကျေးဇူးမိသည်။

ဒီမိဘမဲ့ကျောင်းလေးက Hoseok အဖိုးကြီးပြင်းခဲ့ရာကျောင်းလေး..
အဲ့တာကြောင့် ဒီနေ့ Hoseokအဖိုးဆုံးတဲ့ ဆယ်နှစ်ပြည့်နှစ်ပတ်လည်နေ့ မှာ ဒီကျောင်းလေးမှာ အလှူအတန်းတစ်ခုခုလာလုပ်ခြင်းသာ..

Hoseok နဲ့ သိပ်အစေးမကပ်လှတဲ့ ဖိုးဖိုးသည် ကျွန်တော်နဲ့ တော့အဆင်ပြေလေသည်...
သူ့ လိုပဲ တစ်ကောင်ကြွက်ဘ၀နဲ့ ကြီးပြင်းလာတဲ့ ကျွန်တော့်အတွက် ဖိုးဖိုးကပဲကျောင်းစရိတ်ထောက်ပံ့လာတာ ဘွဲ့ ရတဲ့အထိ.. သူဆုံးသွားတဲ့နောက်ပိုင်းမှာလဲမလစ်ဟင်းစေရအောင် ရှေ့ နေနဲ့ ကျောင်းစရိတ်အတွက်စီစဉ်ပေးသွားခဲ့တဲ့ ဖိုးဖိုးဟာ ကျွန်တော့်ရဲ့ကျေးဇူးရှင်..

ကလေးတွေနဲ့ Health Section လေးပြီးသွားလို့ ခုဏကနေရာကိုထပ်လှန်းကြည့်လိုက်တော့ သူရှိမနေတော့...
သိပ်မကျယ်လှတဲ့ ကျောင်းဝန်းအတွင်းလှည့်ပတ်ရှာမိတော့ တွေ့ ပါပြီ.... ကျောင်းအုပ်မယ်သီလရင်နဲ့ စကားပြောနေတဲ့သူ...
မနှောက်ယှက်ချင်တာမို့ ခပ်လှမ်းလှမ်းကနေစောင့်နေတုန်း ဖုန်းထဲဝင်လာတဲ့ msg တစ်စောင်..

(Suga Hyung.. Jin Hyung ကြီးဒီနေ့ Amsterdam Canal မှာငါးမျှားမလို့တဲ့...  ကျွန်တော်ဘာဆိုလိုလဲဆိုတာသိတယ်မဟုတ်လား Suga Hyung? ..Fighting!!!
Your bro Taehyung.)

ဝင်ဆီကလာာတဲ့စာကြောင့် ကျွန်တော်အသံထွက်ပင်ရယ်မိသွားသည်။

ဒီကလေး...

"ဘာတွေကြည့်ပြီးရယ်နေတာလဲ"

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now