XX 💐 Winter

5.8K 572 105
                                    

UNICODE

Hoseok~

"ဘာတွေကြည့်နေတာလဲ Hyungie?"

ညအိပ်၀တ်စုံလဲလှယ်ပြီးခါမှ ကွန်ပြူတာရှေ့ပြန်ထိုင်နေတဲ့ကျွန်တော့်ကိုကောင်လေးကရေချိုးခန်းထဲကထွက်လာရင်းမေးခွန်းထုတ်သည်။

"Black box ကိုပြန်ကြည့်နေတာ Tae...
အိပ်နှင့်... ကိုယ်အခုလာခဲ့မယ်"

"ကျွန်တော်ပါလာကြည့်မယ်လေ....ဘယ်တုန်းက Black box ရလာတာလဲ...?"

"မနက်ကတည်းကရလာတာ...
ကိုယ်မအားတာနဲ့ညနေကမှကြည့်မိတာ...
ဘယ်လိုပဲကြည့်ကြည့်မျက်နှာကတအားကွယ်နေလို့ဘယ်သူဆိုတာခန့်မှန်းလို့မရဘူးဖြစ်နေတယ်"

"ဒီအတိုင်းဆေးကြောင်ကြောင်တဲ့လူ ဒါမှမဟုတ် အရက်မူးနေတဲ့လူမဖြစ်နိုင်ဘူးလား ဟင်?"

"ကိုယ့်စိတ်ထဲထင့်နေလို့..."

နှစ်ယောက်စလုံး ခဏကြာတိတ်ဆိတ်သွားတဲ့နောက်မှာတော့ ကောင်လေးကနောက်ကျောကနေသိုင်းဖက်ရင်း ဆံပင်တွေပေါ်ဖွဖွနမ်းသည်။

"ကျွန်တော်တို့ကိုစိတ်ပူတာနားလည်ပါတယ်...
ကျွန်တော်ကိုယ်တိုင်လဲကြုံခဲ့ဖူးတာဆိုတော့ Hyungie ခံစားနေရတာကိုသဘောပေါက်တယ်...
ဒါပေမယ့်သိလား...
ကျွန်တော်လည်း Hyungie ကိုစိတ်ပူတယ်...
အခုတလော Hyungie အလုပ်များနေတာ ကောင်းကောင်းအနားယူသင့်တယ်မထင်ဘူးလားဟင်?
ပိန်သွားတာကိုရော ကိုယ့်ဘာသာကိုယ်သတိထားမိရဲ့လား?"

ကျွန်တော့်ခေါင်းပေါ်မေးတင်ရင်းဆိုတဲ့ကောင်လေးရဲ့မျက်နှာကိုမမြင်ရပေမယ့် အသံကနေတဆင့်သူတကယ် စိုးရိမ်နေတာကိုခံစားရသည်။

"ဒီလအပိုင်းအခြားနည်းနည်းပဲTaeလေးရယ်...
ကိုယ်ရာထူးဆက်ခံပြီး ဒီအလုပ်တွေနဲ့အကျွမ်း၀င်သွားရင် ကိုယ်စိတ်ချလက်ချပိုနေနိုင်သွားပြီ....
ကိုယ်လုပ်နိုင်တာသိတယ်မဟုတ်လား..အချိန်ခဏပါပဲ...."

"ကျွန်တော်နဲ့သားကိုအချိန်ပေးရတာကြောင့် Hyungie ပိုပင်ပန်းနေမလား? ဟင်?"

"ခင်ဗျားလေးနဲ့သားနဲ့အတူရှိတဲ့အချိန်လေးမှာပဲ အပန်းဖြေရတာ ဘယ့်နှယ်ပိုပင်ပန်းရမှာလဲ ကောင်လေးရယ်..."

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now