III 💐 Fate

7.2K 812 172
                                    

(ZAWGYI)

Taehyung~

ကျွန်တော်မယုံကြည်နိုင်စွာ Pregnancy test နောက်တစ်ခုဖြင့် ဖြင့်ထပ်စမ်းသပ်ကြည့်သည်။

Positive .....
လက်မခံနိုင်သေးစွာ Pregnancy test တစ်ချောင်းပြီးတစ်ချောင်း စမ်းသပ်ကြည့်ရင်း နာရီပေါင်းများစွာကြာလာတော့ အားအင်တွေကုန်ခမ်းလာသလိုခံစားရသည်.

ကျွန်တော်ကြောက်လန့် စွာနဲ့ ဒူးကိုလက်နှစ်ဖက်နဲ့ ပိုက်ထိုင်ကာ ရှိုက်ငင်နေမိသည်။

ဒါမသေချာဘူးမှလား... Pregnancy test ကမှားနေနိုင်တာပဲ.. ဆယ့်နှစ်ချောင်းလုံးမှားတာလဲဖြစ်နေနိုင်တာပဲ.. ကံကြမ္မာက ကျွန်တော့်အပေါ် ဒီလောက်တော့မရက်စက်လောက်ဘူးမှလား...?

ဒီကိစ္စကိုအတိကျဆုံး အတည်ပြုပေးနိုင်မည့်သူဟာ ဆရာဝန်ကလွဲပြီးမရှိ...

***

"ဂုဏ်ယူပါတယ်.. ခင်ဗျားကိုယ်ဝန် ပဉ္စမပတ်ထဲရောက်နေပါပြီ..."

ဆရာဝန်ရဲ့စကားအဆုံး ကျွန်တော့် မျက်လုံးတွေပြာဝေသွားသလို ခံစားလိုက်ရတယ်

"ဒေါက်တာ.. ဒါပုံမှန်မဟုတ်ဘူးမှတ်လား.. ကျွန်တော်က.."

"ဒီခေတ်ကြီးထဲမှာ ဒီလိုကိစ္စက လုံးဝရှားပါးတဲ့ ကိစ္စရပ်တော့မဟုတ်တော့ပါဘူး.. ခင်ဗျားက ဒီနှစ်အတွင်း ကျွန်တော့်ဆီရောက်လာတဲ့ တတိယမြောက် အမျိုးသားကိုယ်ဝန်ဆောင်ပဲ... ပြီးတော့ ဒီကိစ္စက အခြားအမျိုးသားစုံတွဲတွေမှာတောင်
ငွေကြေးတွေအကုန်အကျအများကြီးခံပြီး လုပ်ယူကြတဲ့ကိစ္စ...ခင်ဗျားဆီမှာဖြစ်တယ်ဆိုတာ..."

ဆရာဝန်ရဲ့ နှစ်သိမ့်သလား..ရှင်းပြသလား မသဲကွဲတဲ့စကားတွေ နားထဲဆက်ရောက်မလာတော့။

ကျွန်တော်ဆေးခန်းကနေ ခေါင်းငိုက်စိုက်ချပြီထွက်လာခဲ့သည်။

ခြေဦးတည့်ရာလျှောက်လာရင်း တစ်နေရာအရောက် ရင်းနှီးနေတဲ့ အငွေ့ အသက်ကြောင့် ခြေစုံရပ်မိသွားတော့ ရောက်နေတာက သူတို့ လမ်းထိပ်...

ကျွန်တော် သူ့ ကို ပြောပြသင့်လား? ကျွန်တော့်ဆီ ဖုန်းတချက်လေးတောင်မဆက်တဲ့သူကိုလေ...?

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now