Part II 💐 Trust

7.5K 747 180
                                    

(ZAWGYI)

Jin~

(Uncle Jin ~ Taeseok , Uncle Jin ဆီလာလို့ရလား?
Papa မအားလို့ အိမ်မှာတစ်ယောက်တည်းမနေချင်ဘူး~)

သားရဲ့အသံပိစိလေးဆိုတာ ဘယ်တုန်းကလွန်ဆန်လို့မရတာမို့...

"ရတာပေါ့ သားလေးရဲ့..Uncle Jin လာကြိုမယ် ခဏစောင့်နေ..ခုလာကြိုမယ်"

(ဟင့်အင်း ~ ရတယ် Uncle Jin .. လာကြိုနဲ့ ... Taeseok ခု ကိုကိုနဲ့လာနေပြီ)

"ကိုကို?"

(အွန်း .. ဒေါက်တာဖြူဖြူသေးသေးလေးလေ~)

ဟင်,ဒီကောင်လေးကဘယ်လိုကြောင့်?

"သူဘေးမှာရှိလား သား?"

(ကိုကိုလား?)

"ဟုတ်တယ်သား~ဖုန်းပေးလိုက် ကိုကို့ကို"

(ကိုကို Uncle Jin ကဖုန်းပြောမယ်တဲ့)

(ဟုတ် Jin Hyung ပြောပါ)

"မင်း သားကိုကျောင်းကြိုလာတာလား? ဘယ်လိုဖြစ်လို့လဲ?"

(Taehyung အရေးကြီးကိစ္စရှိလာပြီး မအားဖြစ်သွားလို့...
ပြောရရင်တော့ နည်းနည်းရှည်တယ်..ရောက်မှပြောမယ်...
အာ....
ရောက်ရင် သားကိုထားပြီးမပြန်ဘူးနော်... Taehyung ကို ကလေးထိန်းပေးပါမယ်လို့ကတိပေးထားတာ...Jin Hyung ရုံးခန်းမှာ သားနဲ့တူတူစောင့်နေပြီး အလုပ်ပြီးမှ တူတူပြန်မယ်)

အော်.. တရစပ်ပါလား ဒီအဖြူကောင်လေး...
စိုးရိမ်တကြီးဆက်တိုက်ပြောနေတဲ့ အဖြူကောင်လေးကို ကလိချင်လာတာနဲ့

"သားက ငါ့ရုံးခန်းမှာနေနေကျ..ထားပြီးပြန်ရင်ရတယ်"

(ဟင့်အင်း မရပါဘူး... ကျတော်ပါစောင့်ပေးမယ်
ခုကားမောင်းနေတာ ဖုန်းချတော့မယ်...ရုံးခန်းကလူတွေစားဖို့မုန့်ဝယ်လာခဲ့မယ်...
ဒါပဲ)

ကိုယ်က စိတ်ကသိကအောက်ဖြစ်အောင်လုပ်မယ်လို့ ကြံရုံရှိသေး ငလည်လေးကတော့ ပြောချင်ရာပြောပြီး ဖုန်းချသွားတာ ကိုယ်သာ ငုတ်တုတ်ကျန်ခဲ့ရတယ်။

ဒီကောင်လေးကို သူဘယ်လို နိုင်နင်းအောင်ပြောဆိုရပါ့...

သက်ပြင်းအသာချမိရင်း

"ခဏနေရင် ကျွန်တော့်သားနဲ့ သူ့နာနီလာလိမ့်မယ်။ ထုံးစံအတိုင်းသားကငြိမ်ငြိမ်လေးနေမှာပေမယ့် အားလုံးကို ခုလိုအနှောက်ယှက်ပေးမိတဲ့အတွက်ကြိုတောင်းပန်ထားချင်ပါတယ်"

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now