Part I 💐 Trust

7K 752 56
                                    

(ZAWGYI)

Taehyung~

"ဒီမှာ!လူနာလက်ကိုလွှတ်ပေးပါလား... အရေးကြီးလို့"

ဆေးအိတ်တွေကိုင်ပြီး ဒရောသောပါးရောက်လာတဲ့ဆရာဝန်မလေးကိုနေရာဖယ်ပေးမလို့ လုပ်လိုက်တော့ ကျွန်တော့်လက်ကို မြဲမြဲဆွဲထားတဲ့ သူ့ လက်ချောင်းတွေ

"Drip ချိတ်ဖို့လိုလို့ ..မြန်မြန်ဖယ်ပေးပါ"

လက်ချောင်းတွေကိုအတင်းဖြေချကာ ကုတင်ခြေရင်းနားသွားရပ်တော့ ဆရာဝန်မလေးက သူ့ လက်ဖျံထဲကို အပ်တစ်ချောင်းစိုက်သွင်းလိုက်သည်...

ကားပေါ်မှာကတည်းက Blood test ဆိုပြီး သွေးဖောက်လာတာ ဒီလိုခဏခဏအပ်သွင်းနေလို့ ဖြစ်ပါ့မလား?
သူ့ မှာလည်းသွေးကျဲရောဂါရှိတာမို့ စိုးရိမ်စိတ်က ထိန်းမရ..
တကယ်တမ်းဆို လူကသာ ကုတင်ပေါ်ငြိမ်သက်စွာလဲလျှောင်းနေတာ သူဘယ်လိုအခြေအနေလဲဆိုတာ အချက်ပေးသံတွေ ဆူညံစွာမြည်နေတဲ့ နှလုံးခုန်သံတိုင်းတာစက်က သက်သေပင်....

တွေးနေတုန်းရှိသေး လက်ဖျံထဲစိုက်သွားပြန်တဲ့နောက်အပ်တစ်ချောင်း...

"သတိ..သတိထားပေးလို့ ရမလား..
သူကသွေးကျဲတဲ့..ပြသနာရှိလို့ ပါ"

ကျွန်တော့်ရဲ့မရဲတရဲသတိပေးသံအဆုံးမှာ ကုတင်တဖက်ခြမ်းမှာရပ်နေတဲ့ Suga Hyung ဘေးက ဆရာဝန်ကြီးတစ်ယောက်က

"သူကဘယ်သူလဲ? ဘာဖြစ်လို ကုသနေတုန်း လူနာကုတင်နားရောက်နေတာလဲ?"

"သူက Hoseok ... အမ်း... Hoseok ငယ်သူငယ်ချင်းပါ... စိတ်ပူလို့ စောင့်နေတာပါ.... ဘာပြသနာမှမရှိစေရဘူးလို့ အာမခံပါတယ် ပရော်ဖက်ဆာ"

Suga Hyung ရဲ့ အာမခံစကားကြောင့် ဆရာဝန်ကြီးက ဘာမှမပြောတော့ပဲ လက်ဖ၀ါးဖြန့် လိုက်တော့ သူ့ လက်ပေါ် ဆေးထိုးအပ်တစ်ချောင်း Suga Hyung ကအလိုက်သင့်တင်ပေးလိုက်သည်။

ဆေးကထပ်ထိုးဦးမှာ-??

အတွေးတို့ မဆုံးခင်မှာပင် လေပေါ်အနည်းငယ်မြောက်တတ်သွားတဲ့ လက်တစ်ဖက်နဲ့ အတူ ဆေးထိုးအပ်ကသူ့ ပေါင်ဆီစိုက်ဝင်သွားတော့ ...

ယောင်ယမ်းပြီးမျက်လုံးကိုမှိတ်ချလိုက်မိတဲ့အထိ...

ဆရာဝန်ကတော့ ဆေးရည်တွေကုန်သွားတဲ့အထိ
သူပေါင်ကြွက်သားထဲဆေးထိုးထည့်ပြီး အချိန်မှတ်စောင့်ကြည့်နေသည်ထင်...

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now