XXIV 💐 Sweet Night

7.9K 566 196
                                    

UNICODE

Hoseok

"ဝါး~ အိမ်လေးပြီးသွားပြီ..."

တိုးတိုးလေးကြားရတဲ့အသံကြောင့် အလုပ်လုပ်နေရာကလှမ်းကြည့်လိုက်တော့ Lego Block တုံးလေးတွေနဲ့ဆော့နေတဲ့ Taeseokie...

ကျောင်းပိတ်သွားပြီဖြစ်တဲ့သားဟာ မအားလှတဲ့အဖေနှစ်ယောက်ကြောင့် ဘယ်မှမသွားရပေမယ့် ဟိုသွားချင်တယ် ဒီသွားချင်တယ်လို့ပူဆာခြင်းမရှိ။

အခုလဲ Tae က photoshoot သွားနေတဲ့အပြင် ကျွန််တော်ကပါမအားလို့အတူမဆော့ပေးနိုင်ပေမယ့် ကျွန်တော်အလုပ်လုပ်ရာစာကြည့်ခန်းအထိလိုက်ပြီး ငြိမ်ငြိမ်သက်သက်လေးဆော့ပေးနေတဲ့သားဟာ လိမ္မာလွန်းလှသည်။

အသံဖွင့်ပါလို့ပြောပေမယ့် 'Appa အလုပ်လုပ်နေတယ်' ဆိုကာ အသံတိတ်ဖွင့်ထားတဲ့ Snoopy ကိုလဲ တချက်တချက်ပါးစက်လေးဟပြီး မော့ကြည့်နေသေးတာ...
ကြည့်ပါများလွန်းလို့အလွတ်ရနေတဲ့ ဒိုင်ယာလော့ခ်တွေကို ခပ်တိုးတိုးလိုက်ပြောနေပြန်တဲ့သားဟာ သိပ်ချစ်ဖို့ကောင်းလွန်းတာရယ်....

ထိုင်ကြည့်နေမိရင်း အသည်းယားလာတာကြောင့် သားအနားသွားထိုင်ကာ ခဏဖြစ်ဖြစ်အတူဆော့ပေးဖို့လုပ်တော့ တုန်ခါလာတဲ့ဖုန်း....

ဖုန်းသံကြောင့် ကိုယ့်ဘက်လှည့်ကြည့်လာတဲ့သားကို မျက်စေ့တစ်ဖက်မှိတ်ကာ ပြုံးပြလိုက်တော့ သွားပိုးစားနေတဲ့ ရှေ့သွားလေးတွေပေါ်အောင်ရယ်ပြလာသည်။

"Sejin Hyung ပြော..."

(.........)

"ဟမ် ဘယ်လို ? ဘယ်လိုဖြစ်တယ် Hyung?"

(....................)

"အဓိပ္ပါယ်မရှိလိုက်တာ...
သူကဘယ်လိုလုပ်အဲ့လိုလုပ်နိုင်ရမှာလဲ... သူ့ကိုအလုပ်ဖြုတ်လိုက်တာကြာပြီလေ"

(.........................................................)

"ကျစ်.... အဲ့ဒိတော့ ဘယ်လို trace ပြန်လိုက်ကြမလဲ? Audit ၀င်ဖို့လဲရှိသေးတယ်မဟုတ်လား..."

(......................................)

"ကျွန်တော်ပြောမယ် ...
Email trace တွေကစလိုက်ပါ...ပြီးတော့ System ထဲမှာ back up လုပ်လို့ရတာပဲဖြစ်ဖြစ် restore ပြန်လုပ်လို့ရတာပဲဖြစ်ဖြစ် IT ဌာနကိုလုပ်ဖို့ပြောပါ Hyung ... မဟုတ်ဘူး... ကျွန်တော်ကိုယ်တိုင်ပြောမယ်... နောက် ငါးမိနစ်နေရင် meeting လုပ်မယ် ..အသင့်ပြင်ထားဖို့ပြောပေးပါ Hyung"

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now