VI 💐Tae

7.7K 750 134
                                    

(ZAWGYI)

Hosoek ~

မင်းနာမည်လေးကြားလိုက်တိုင်း ကိုယ့်အသည်းနည်းနည်းစီအက်သွားတယ်ဆို မင်းယုံမလား -
Jung Hoseok

***

"အနားတိုးမလာနဲ့ "

ကောင်လေးရဲ့ခက်ထန်သောစကား...

ဆေးရုံဆင်းမည့်နေ့ က သားကို နှုတ်ဆက်မည့်ဆဲဆဲ သားလက်ကိုဆွဲကာ နောက်ဆုတ်သွားတဲ့ကောင်လေး...

ခါးသီးမုန်းတီးခြင်းတွေပြည့်နေတဲ့ မျက်ဝန်းလှလှလေးက ဘေးလူတွေပါ သတိထားမိလောက်အောင် စိမ်းဖန့် နေပေမယ့် အပြစ်မတင်ရက်ပါ။

ကိုယ့်ကြောင့်သာ သူ့ ဘ၀တစ်ခုလုံး နာကျင်ခဲ့ရတာလေ။

"Papa~" သူ့ အတွက်တော့ ထူးဆန်းတဲ့အပြုအမူဖြစ်နေတာကြောင့် မော့ကြည့်လာတဲ့သားကို ကောင်လေးက ညင်သာစွာချီပိုးလိုက်သည်။

ဘယ်လောက်ပဲ ဒေါသဖြစ်နေပါစေ သားကိုတော့ တစ်စိုးတစ်စိမျှအထိခိုက်မခံသည့် သူ့ စိတ်ကြောင့် သူ့ကိုပိုလေးစားမိတယ်....

"ဘယ်နေ့ ပြန်လာရမလဲဆိုတာသိတယ်မဟုတ်လား?"

တစ်ခွန်းမျှပြန်မဖြေပဲ လှည့်ထွက်သွားတော့ ဆေးကောင်တာက ကလေးမလေးတွေက လှမ်းကြည့်သည်။

တော်ရုံတန်ရုံ ဘယ်သူကမှ ဆရာဝန်ကို အဲ့ဒိလိုမဆက်ဆံဘူးမဟုတ်လား...

ပြန်တွေးရင်း မွန်းကြပ်လာသော စိတ်အစဉ်နဲ့ အတူ ရေပန်းက ရေပူတွေကို ပိတ်ပစ်ပြီး အေးစက်နေတဲ့ ရေအေးအေးတွေ ကိုယ်ပေါ်စီးဆင်းစေလိုက်တယ်။

နှစ်ရက်... ကောင်လေးကိုရော သားကိုရောမတွေ့ ရတာနှစ်ရက်...

သတိရလွန်းလှပြီ....

သားဆေးရုံပေါ်မှာရှိနေတဲ့ ငါးရက်လုံးလုံး တစ်ရက်မှအိမ်မပြန်ပဲ ဆေးရုံမှာချည်းနေခဲ့တာ...

ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ သားဆီက "ဦးဦးဒေါက်တာ" လို့ ခေါ်သံလေးကြားရသည်...
မမေးမဖြစ်မို့  ကိုယ့်ကိုမေးလာတဲ့ ကောင်လေးဆီက သားကျန်းမာရေးနဲ့ ပတ်သတ်တဲ့ မေးခွန်းလေးတွေကိုဖြေခွင့်ရသေးသည်။
မနှစ်မြို့ ခြင်းတွေပြည့်လျှံနေတဲ့ ကောင်လေးရဲ့အကြည့်လေးတွေလက်ခံရရှိသေးသည်..

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now