IX 💐 Little Doctor

6.8K 701 109
                                    

(ZAWGYI)

Jin~

ရေးလက်စ Software တစ်ခုကိုလက်စသတ်ပြီးသွားတဲ့အချိန်မှာတော့ အပြင်ပတ်ဝန်းကျင်က မှောင်တောင်နေပြီ။

လက်ကနာရီကိုလှမ်းကြည့်တော့ ညကိုးနာရီခွဲရှိပြီ။
နောက်ကျမယ်ဆိုတာကိုတော့ Taehyung ကိုပြောပြီးသားဖြစ်တာကြောင့် အလျှင်လိုစရာတော့မလို...

ပစ္စည်းတွေဆွဲပြီးအောက်ထပ်ကိုဆင်းလာတော့ Reception က ကောင်မလေးကလှမ်းခေါ်လာသည်။

"နေ့ လည်ကဧည့်သည်စောင့်နေတုန်းပဲရှင့်"

ညွှန်ပြရာကိုလှမ်းကြည့်တော့ Lobby ဆိုဖာမှာထိုင်နေတဲ့ Jung Hoseok ...

ဒီကောင်လေးမပြန်နိုင်သေးတာလား..?? ကိုယ်တိုင်တောင် အလုပ်တွေကြားထဲမေ့သွားတာ..နေ့ ခင်းကတည်းကဆို ဘယ်လောက်ကြာနေပြီလဲ?

ထိုအချိန်အသံကြားလို့ ထင်လှည့်ကြည့်လာတဲ့ Jung Hoseokကကျွန်တော့်ကိုတွေ့ တော့ထိုင်နေရာကနေ လျှောက်လာသည်။

"Kim Seokjinshi... ကျွန်တော် စကားခဏပြောချင်လို့ ပါ... အချိန်နည်းနည်းလောက်ဖြစ်ဖြစ်ပေးလို့ အဆင်ပြေမလား၊"

"မင်းတစ်ခုခုမှားသိထားလားတော့ မပြောတတ်ပေမယ့် မင်းနဲ့ ငါကြားမှာ ပြောစရာဘာမှမရှိဘူး..."

"Kim Seokjinshi ဘက်ကမရှိနိုင်ပေမယ့် ကျွန်တော့်ဘက်ကတော့ Kim Taehyung ရဲ့ အုပ်ထိန်းသူအနေနဲ့ သတ်မှတ်ထားလို့ ပြောချင်တာရှိပါတယ်..."

ခါတိုင်းနဲ့ မတူစွာ ညှိုးငယ်နေတဲ့မျက်နှာက Jung Hoseok ဆိုတဲ့ မြင်နေကျ မျက်နှာထားတည်တည်ဆရာဝန်မှဟုတ်ပါလေစလို့ ထင်စရာ...

"ကျွန်တော် Kim Seokjinshi ဆီကခွင့်တောင်းစရာတစ်ခုရှိလို့ပါ..
ကျွန်တော် အခုပြောမယ့်စကားက ဘဝင်မြင့်အရူးထပြီးပြောတာမဟုတ်ပါဘူး။
ဒါပေမယ့် Taehyung ဖြစ်နေတဲ့ ဒဏ်ရာက ကျွန်တော် ကုစားပေးမှပျောက်မှာပါ.. အဲ့တာကိုလည်း Kim Seokjinshi သိပြီးသားထင်ပါတယ်..."

"Taehyung က မင်းလုပ်ခဲ့တဲ့ကိစ္စတွေအတွက် မင်းကိုခွင့်လွှတ်မယ်ထင်လို့ လား...."

Taehyung ဒီကောင်လေးကို သံယောဇဉ်မပြတ်သေးမှန်းသိပေမယ့် Jung Hoseok ဆိုတဲ့ အနှီကောင်လေးသိစရာမလိုပါ...

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now