XXIX 💐 Thunder

5K 547 119
                                    

UNICODE

Hoseok

ဂျိမ်း!

"အား! Papa ရေ!!!"

ညအမှောင်မှာ လင်းကနဲမြင်လိုက်ရတဲ့အလင်းတန်းနဲ့မရှေးမနှောင်းကြားလိုက်ရတဲ့မိုးခြိမ်းသံကြောင့် ဆော့လက်စအရုပ်တွေပစ်ချကာ ကောင်လေးနားပြေးကပ်လိုက်တဲ့သား...

"Aigooo~ Papa သားလေးကမိုးခြိမ်းတာကိုကြောက်နေတာလား...?"

ခြောက်နှစ်အရွယ်သားဟာ ကျွန်တော်ငယ်ငယ်ကနဲ့တူစွာ ဆူညံသံနဲ့အသံကျယ်တွေကိုကြောက်ရွံ့တတ်လေသည်။

"မိုးကြိုးပစ်လိုက်တာကို~"

"အခုပစ်လိုက်တဲ့မိုးကြိုးက Papa တို့နဲ့အဝေးကြီးသားရဲ့....
ဒီမှာကြည့် Papa ပြောပြမယ်....
လျှပ်စီးလက်တာကို လှမ်းမြင်လိုက်တယ်ဆိုရင် အဲ့ဒါ Papa တို့ကိုမိုးကြိုးမပစ်ဘူးဆိုတဲ့သဘောပဲ...
အဲ့ဒိမြင်လိုက်တဲ့လျှပ်စီးကနေပြီး မိုးကြိုးပစ်နေတဲ့နေရာက Papa တို့နဲ့ဘယ်လောက်ဝေးလဲဆိုတာခန့်မှန်းလို့ရတယ်...

"ဟင် တကယ်လားဟင် Papa~"

"တကယ်ပေါ့ သားရဲ့...
ဥပမာ... သားလျှပ်စီးလက်တာကိုမြင်လိုက်တဲ့အချိန်ကနေ စက္ကန့်တွေကိုရေတွက်ကြည့်....
ငါးစက္ကန့်တိုင်းဟာ Papa တို့နဲ့ တစ်မိုင်ဝေးတယ်..."

"ငါးစက္ကန့်?"

"အင်း... ခဏနေလျှပ်စီးလက်ရင် ရေကြည့်ကြမလား? ဟော လျှပ်စီးလက်ပြီ"

ထင်ထင်ရှားရှားလက်လိုက်သောလျှပ်စီးကြောင်းအဖြူကြီးက ကောင်လေးတို့သားအဖရှိနေတဲ့မှန်ခန်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။

ကောင်လေးကတုန်ကနဲဖြစ်သွားတဲ့သားကိုယ်လေးကိုဖက်ထားလိုက်ရင်း...

"1    2     3    4    5     6    7 "

ဂျိမ်း!

"အဲ့တာဆို Taeseok တို့နဲ့ ခုနှစ်မိုင်ဝေးတာလားဟင်~"

Tae ရင်ခွင်ထဲကနေမရွံမရဲမော့မေးနေတဲ့သား...

"မဟုတ်ဘူး Taeseok လေးရဲ့ ငါးစက္ကန့်မှ တစ်မိုင်။
ဆိုတော့ကာ အခုမိုးကြိုးမုန်တိုင်းက Papa တို့နဲ့တစ်မိုင်ကျော်ဝေးတယ်ဆိုတဲ့သဘောပဲ..."

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now