(ZAWGYI)
Hoseok ~
"ရေးပေးလိုက်တဲ့ဆေးကို အနည်းဆုံး နှစ်ရက်တိုက်ပေးပါ...မသက်သာခဲ့ရင်တော့ပြန်လာခဲ့..ဘာမှ အထွေအထူးစိုးရိမ်စရာတော့မရှိပါဘူး။အဓိက က အချိုတွေသာအရမ်းမစားစေနဲ့..."
"စားမှာပဲ!"
အမေဖြစ်သူကိုမှာနေတုန်း ထိုင်ခုံပေါ်က ကလေးမလေးကမျက်လုံးလှန်ကြည့်ပြီးပြန်ပြောလာသည်။
"ဦးဦးပေးလိုက်တဲ့ဆေးတွေထဲမှာ သကြားလုံးလိုချိုချဉ်လေးတွေပါတယ်။ ဒီရက်ပိုင်းအတွင်း အစားနည်းနည်းရှောင်လိုက်လေ-"
နာမည်ခေါ်ဖို့ဆေးမှတ်တမ်းပြန်ကြည့်လိုက်ပြီး
"Anne..... မဟုတ်ရင်ချောင်းဆိုးတာ ဘယ်သက်သာမလဲ? ခုပဲရင်ဘတ်အောင့်တယ်ဆို... လိမ္မာပါတယ်"
"NO! Are you crazy!? No candy No life"
ပြောပြီးလက်ပိုက်ကာ မျက်နှာလွှဲသွားတဲ့ကလေးမကို သူ့အမေက လှန်းဟန့်လေသည်။
"Anne...ကိုယ့်ကိုကုပေးနေတဲ့ဆရာဝန်ကို ဘယ်လိုပြန်ပြောလိုက်တာလဲ? ခုချက်ချင်းတောင်းပန်သမီး"
"နေပါစေ အမကြီး.... ရပါတယ်"
"မဟုတ်ဘူး ဆရာ.. ဒီကလေးရိုင်းစိုင်းနေတာ..
Anne...
အခုချက်ချင်းပြန်မတောင်းပန်ရင် မေမေက သကြားလုံး တစ်လတိတိဖြတ်မှာနော်..
လူကြီးကိုဘယ်လိုဆက်ဆံရမယ်မှာထားလဲ?"ငါးနှစ်အရွယ်ကလေးမလေးက နှုတ်ခမ်းဆူပြီးအမေဖြစ်သူကိုလှမ်းကြည့်တော့ စိတ်အစုံက သားဆီရောက်သွားရသည်။
သား ဒီကလေးမလေးလိုမဆိုးတာတော်ပါသေးရဲ့...
Tae နဲ့ Jin Hyung ကောင်းကောင်းသွန်သင်ခဲ့သလို သားကလည်း ဉာဉ်ကောင်းတဲ့ကလေးဖြစ်လို့သာ...
"sorry"
မြန်လွန်းတဲ့တောင်းပန်စကားက နားထဲလေတိုးသွားသလိုဖြစ် တာကြောင့် ခပ်ဖွဖွရယ်လိုက်မိသည်.."Anne!"
သူအမေကသတိထပ်ပေးတော့မှ
"ရိုင်းစိုင်းမိတာတောင်းပန်ပါတယ်"
"ရပါတယ်ဗျာ.. ဦးဦးမှာတဲ့ဆေးတွေသာကောင်းကောင်းသောက်ပါ"
YOU ARE READING
Purple Tulips 💜💐 (Vhope Love Story)
Fanfic🚨 Same FD Different OTP ကနေခိုးယူရေးသားခြင်းခံခဲ့ရပါတယ် Background Plot တစ်ခုလုံးအခိုးခံရတာပါ 🚨 VHOPE နေရာမှာတခြား OTP နဲ့အစားထိုးပြီးခိုးခံရသလို Yoonjin နေရာမှာလည်းတခြား OTP သုံးပြီးအခိုးခံခဲ့ရပါတယ် 🚨 $ ဖက်မတန်လို့လိုက်ပြောချင်စိတ်တော့မရှိပါဘူး...