XXII 💐 Idiot

6K 539 60
                                    

UNICODE

Suga

"Suga ... မင်းကိုခုဏကလာထပ်ရှာသွားတယ်..."

ခွဲစိတ်ခန်းထဲကနေ နားနေခန်းထဲပြန်ရောက်ရုံရှိသေးကြားလိုက်ရတဲ့စကား...

"ငါမရှိဘူးလို့ပြောလိုက်တယ်မဟုတ်လား?"

"အင်း...ထုံးစံအတိုင်းထမင်းဘူးလဲထားသွားတော့ယူတော့ယူထားလိုက်တယ်။
ဒါနဲ့ဒီညရော ဒီမှာပဲအိပ်မှာလား..."

"မသိသေးပါဘူးကွာ..."

မျက်နှာကိုလက်ဖဝါးနဲ့ပွတ်ဆွဲရင်း သက်ပြင်းချလိုက် တာနဲ့အတူမတွေးချင်သောအတွေးတွေကခေါင်းထဲဝင်ရောက်လာလေသည်။

တကယ်ဆို ကွျန်တော်ဒီမှာအိမ်မပြန်တာ တစ်ပတ်လောက်ရှိပြီ...

Jin Hyung ရဲ့အပြုအမူအပေါ်နာကျင်ဆဲဖြစ်သလို ဘယ်သူ့ကိုမှမျက်နှာချင်းဆိုင်ချင်စိတ်ရှိမနေတာကြောင့် သားနဲ့တခါတရံဖုန်းဆက်တာကလွဲရင် ဘယ်သူနဲ့မှအဆက်အသွယ်မရှိ...

Yoongi ဆိုသူပြန်သွားပြီလို့ဆိုပေမယ့် Jungkook ဆိုသူကတော့ Hoseok ရဲ့အလုပ် Handover အတွက်နေခဲ့တယ်လိုကြားသိရသည်။

တခါတလေ လောကကြီးကရယ်ဖို့တော့ကောင်းသား...

မိခင်ရဲ့ အရွေးချယ်ခံခဲ့ရတဲ့ Yoongi ဟာပြန်လည်အဆင်ပြေလာခဲ့သောအလုပ်အကိုင်တို့နဲ့သက်တောင့်သက်သာနေခဲ့ရပါသတဲ့။ 

အဲ့ဒိအချိန်မှာကိုယ့်ကိုအိမ်ကပြန်ရှာလားဆိုတဲ့မေးခွန်းကိုတော့ထပ်နာကျင်ရမှာကြောက်ရွံ့တာကြောင့်နှုတ်ကထုတ်မေးဖြစ်မှာမဟုတ်တာအသေအချာ...

Yoongi ဟာမပူမပင်ပညာသင်ခဲ့ရပြီးအရွယ်ရောက်တော့ Korea နိုင်ငံရဲ့အကြီးဆုံးစီးပွားရေးအုပ်စုတွေထဲကတစ်ခုဖြစ်တဲ့ Jung အိမ်ရဲ့သားအငယ်နဲ့မေတ္တာမျှခဲ့ပြန်တယ်တဲ့..

လူချင်းတူ, တချိန်တည်းမွေးတာချင်းတူ​ပေမယ့်ကံချင်းကွာလှသော ကျွန်တော်ကတော့....

မိဘမဲ့ကျောင်းမှာနေထိုင်ခဲ့ရပြီး မွေးစားမိဘတွေနဲ့ Nee York ကိုရောက်ခဲ့တယ်။ အသက်ဆယ်နှစ်ကျော်မှာမွေးစားမိဘတွေမရှိတော့တာကြောင့် မိဘမဲ့ကျောင်းပြန်ရောက်ခဲ့ရပြီး မသိအောင်ခိုးလုပ်ရတဲ့အချိန်ပိုင်းအလုပ်တွေနဲ့ကြီးပြင်းခဲ့ရတယ်။

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now