V 💐 Look back

7.8K 788 113
                                    

(ZAWGYI)

Tae ~

နိုးလာတော့ သားရဲ့ ကုတင်ပေါ်မှာ မှောက်အိပ်လိုက်လို့ ထင် လည်ပင်းနောက်ကျောတစ်ခုလုံးနာကျင်ကိုက်ခဲနေသည်။ လက်နဲ့ အုပ်ကိုင်ရင်း ခေါင်းကို ဟိုဘက်ဒီဘက်ချိုးတော့ အနည်းငယ်သက်သာသွားသလို...

သားကတော့ ဆေးအရှိန်ကြောင့်ထင်သည် ခုထိ အိပ်တုန်း....
သားမျက်နှာ နုနုလေးကို ငေးကြည့်ရင်း နဖူးပေါ် ဖွဖွလေးနမ်းလိုက်သည်။

သားလေး ပင်ပန်းနေရှာမှာ

စိတ်ပူစရာမလိုဘူးဆိုပေမယ့် အဖေတစ်ယောက်အနေနဲ့ ကတော့ စိတ်ပူတာပဲ...

အပ်ထိုးတဲ့ အပေါက်ရာသေးသေးလေးကအစ လှုပ်တာနဲ့ သွေးစို့ နေတာ...

အဲ့ဒိသွေးကျဲတယ်ဆိုတဲ့ရောဂါကို ပျောက်အောင်ကုမှဖြစ်မည်...
ယောင်္ကျားလေးဆိုတာ ထိခိုက်ရှနာ အနည်းနဲ့ အများရှိနိုင်တာဆိုတော့ .. ဒီဖြစ်ရပ်မတိုင်ခင်အထိ ဘာမှမထိခိုက်အောင်ထားနိုင်ခဲ့ပေမယ့် တစ်သက်လုံး ဖူးဖူးမှုတ်ထားလို့ မှမရတာ...
တွေးရင်းပူပန်စွာသက်ပြင်းချမိသည်။ နဖူးလေးကိုစမ်းကြည့်တော့ ကံကောင်းထောက်မစွာနဲ့ ဖျားမနေ...
သူသာဖျားရင် ကျွန်တော် တစ်ပူပေါ်နှစ်ပူဆင့်မှာ...

လက်ကနာရီကိုလှမ်းကြည့်ုလိုက်တော့ မနက် ခြောက်နာရီတောင်မထိုးသေး...

သားမနိုးခင် မျက်နှာသစ်ထားဖို့ ထိုင်ရာကထက အခန်းဘေးထောင့်မှာရှိတဲ့ ဘေစင်ဆီခြေလှမ်းလိုက်တော့...

ကုတင်ခြေရင်းက စားပွဲအပုလေးပေါ်မှာ မုန့် တွေ...

Syrup တွေဆမ်းထားတဲ့ ငှက်ပျောသီးပန်ကိတ်ပူပူနွေးနွေး နှစ်ပန်းကန်...
Syrup ပိုများတဲ့ပန်းကန်မှာ for kid လို့ စာရွက်လေးနဲ့ ရေးပြီးထောင်ထားသည်...
ပြီးတော့ ကြက်ဥ half-fried နှစ်လုံး...  ပြီးတော့ လှီးထားပြီးသား အသီးအနှံတွေနဲ့ နို့ နှစ်ခွက်...
Room Service လို့ လဲ စာရွက်ဖြူလေးနဲ့ ရေးပြီးထောင်ထားတဲ့ မနက်စာလေးက စားချင်စရာမို့ မြန်မြန်မျက်နှာသစ်လိုက်တော့သည်။

မနေ့ ကတည်းက မနက်စာသာစားထားရတဲ့ အစာအိမ်ဟာ ညက သားဇောနဲ့မို့မဆာပေမယ့် ခုလို ပူပူနွေးနွေးတွေမြင်ရတော့ ဆာလောင်လာချေပြီ။

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now