IV 💐 Son

7.4K 848 177
                                    

(ZAWGYI)

Tae ~

သတိမေ့နေသော သားကို သူကုသမှုတွေဆက်တိုက်လုပ်ပေးနေတဲ့မြင်ကွင်းကို ကျွန်တော် ကြောင်ကြည့်နေမိသည်။

ဘယ်လောက်ခံရခက်စေတဲ့ မြင်ကွင်းလဲ... ?
သားသာ ဒီလောက် အပြင်းအထန်မဖြစ်ဘူးဆိုလျှင် သားကိုထိတွေ့ နေတဲ့ သူ့ လက်တွေကိုဖယ်ထုတ်ကာ အခြားဆရာဝန်တစ်ယောက် ဒါမှမဟုတ် အခြားဆေးရုံတစ်ခုဆီ ရွှေ့ ပြောင်းမိမှာအသေအချာပင်...

သားကိုကြည့်မိတော့ ခုထိတိုင်သတိမလည်သေးပဲ ဒဏ်ရာတွေကလည်းသွေးတို့ စီးကျနေဆဲ...

သားကိုမြင်ပြန်တော့လည်း ခေါင်းထဲမှာ သားထက်အရေးကြီးတာ ဘာမှပေါ်မလာတော့ ...
သား အတွက်သာဆို ကျွန်တော့် ခံစားချက်က ဘာအရေးလဲလေ...

အခုထိသတိမရနိုင်သေးသော သားကြောင့် စိုးရိမ်စိတ်က အမြင့်ဆုံးရောက်လာကာ ဆောက်တည်ရမရဖြစ်ချင်လာသည်။

"ကလေးက ဘာဖြစ်လို့ သတိမရသေးတာလဲ?"

ကိုရီးယားလိုရော အင်္ဂလိပ်လိုရော မဟုတ်ပဲ အကျင့်ပါနေတဲ့ ဒီက Dutch ဘာသာစကားနဲ့ ပဲမေးလိုက်တော့

"ကလေးက လန့် သွားလို့ သတိလစ်သွားတာ...
စက်ဘီးနဲ့ အတိုက်ခံလိုက်ရတာရော သွေးတွေကို မြင်လိုက်ရတာကြောင့်ရော ဖြစ်မယ်.. စိတ်ပူစရာတော့မရှိဘူး.. ခဏနေရင်သတိရလာလိမ့်မယ်.. အခုလုပ်ရမှာက သူမနိုးခင် ခေါင်းနဲ့ လက်မောင်းက ဒဏ်ရာကိုချုပ်ရမယ်..."

ကျွန်တော့အမေးကို ကိုရီးယားလို ပြန်ဖြေတာမို့ သူကျွန်တော့်ကိုမှတ်မိတာအသေအချာပင်။

"Hoseok.. ဘာဖြစ်လို့ လဲ?"

အဖြူရောင်ကုတ်ထဲက အဖြူရောင်လူသားသေးသေးလေးတစ်ယောက် အပြေးရောက်လာပြီး သူ့ ကိုမေးတော့

"ဒီကလေး ဒဏ်ရာတွေကိုချုပ်ဖို့ လိုတယ်... ပြသနာက ဒီကလေးသွေးက ကျဲလွန်းတယ်။။ ငါတစ်ယောက်တည်းချုပ်ရင်ရပေမယ့် အချိန်ကြာရင် သွေးဒီထက်ဆုံးရှုံးသွားမှစိုးလို့ ... ကလေးကို မလိုအပ်ပဲနဲ့ သွေးမသွင်းပေးချင်ဘူး.."

"Blood Disorder လို..."

"ဟင့်အင်း.. သွေးမတိတ်တဲ့ရောဂါလိုမျိုးမဟုတ်ဘူး..သွေးကျဲတာ..."

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now