XXXI 💐 Maastricht

4.6K 524 41
                                    

UNICODE

Suga

(ညနေကိုယ်လာကြိုမယ်...)

ရိုးရိုးရှင်းရှင်း Msg တစ်ကြောင်းက ကျွန်တော့်ကိုပြုံးလိုက်မိစေသည်ထင်

"အံမယ် ... ဘာတွေဖတ်လို့ အဲ့လောက်တောင်ပြုံးနေတာလဲ? မျက်နှာတည်ကြီးနဲ့ နေတတ်တဲ့ဒေါက်တာ Suga က ..."

"ပြုံးမိသွားလား... ဟီး ..."

အတန်ငယ်ပူသွားသောမျက်နှာနဲ့ ဘေးနားက အကူ နပ်စ်အမျိုးသမီးကြီးကိုဟီးကနဲပြုံးပြလိုက်ပြီး နောက်ထပ်လူနာခန်းတစ်ခန်းထဲကိုဝင်လိုက်မိသည်... ဒါမှ မေးခွန်းတွေထပ်မလာခင် မြန်မြန်ရုပ်ပြန်တည်လို့ရမှာ...

ဒီလူနာတစ်ယောက်...
Duty မထွက်ခင် Round လှည့်နေတာ ဒီလူနာတစ်ယောက်ကိုကြည့်ပြီးရင်ပြီးပြီ...
ပြီးတော့ လူကလည်း Shift နှစ်ခုဆက်ဆင်းထားတာကြောင့်တစ်ကိုယ်လုံးလည်းညောင်းညာကာ ခဏလောက်ဖြစ်ဖြစ် အိပ်ယာပေါ်ပစ်လှဲလိုက်ချင်နေမိသည်။

"ကဲ .... နောက်ဆုံးတော့...."

Round လှည့်ပြီးလို့ အခန်းထဲဝင်လာလာချင်းလှမ်းပြောတဲ့ Richie ...

"အိမ်ပြန်အိပ်ရတော့မယ် ... YES! "

"ကောင်းကောင်းနားလိုက် ... ငါတော့ ခွဲစိတ်မှုနှစ်ခုနဲ့ နောက် Duty ဆက်ဖို့ကသေချာသလောက်ပဲ..."

"ဒါမျိုးကျငါကံကောင်းတယ်ပြောရမယ် ...
Round နဲ့ အပြင်လူနာပဲကြည့်ရတယ် ... "

မျက်ခုံးတစ်ဖက်ပင့်ရင်းဂုဏ်ယူဝင့်ကြွားစွာပြောလိုက်တော့ Richie ရဲ့ပေစောင်းစောင်းအကြည့်တွေကဒိုင်းကနဲ...

"ဟျောင့် ငါပြန်ပြီ... ကြိုးစားထား..."

ပုံမှန်အဝတ်အစားတွေကိုလဲလှယ်ပြီး အခန်းပြင်မထွက်ခင် Richie ပခုံးကိုပုတ်ကာပြောတော့ မျက်မှောင်ကြီးကြုတ်ကာကြည့်လာတာ...

ထိုအကြည့်တွေကို တမင်စပ်ဖြဲဖြဲလုပ်ပြခဲ့ရင်း လေလေးချွန်ကာထွက်လာတဲ့အခိုက်....

အား.... အိမ်ရောက်တာနဲ့ Jin Hyung ကိုဖက်ပြီး ကောင်းကောင်းကြီးကိုအိပ်ပစ်လိုက်ဦးမယ်!!!

အတွေးနဲ့အတူညောင်းညာနေတဲ့အကြောတွေကိုဆန့်ထုတ်ရင်းခြေလှမ်းတွေကိုသွက်သွက်လှမ်းနေစဉ် အရှေ့မှာကြားနေရတဲ့ ဆူညံသံတချို့...

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now