X 💐 I hate you/I love you

7.1K 730 54
                                    

(ZAWGYI)

Hoseok~

ဆတ်ခနဲလန့် နိုးလာတဲ့အခိုက် ခြေရင်းကနာရီကို ကမန်းကတန်းလှန်းကြည့်မိတော့ မနက် ငါးနာရီခွဲ...

တော်ပါသေးရဲ့~

မျက်နှာကျက်ဖွေးဖွေးကိုငေးမိနေရင်းက ရင်ထဲကနှလုံးခုန်သံကို အတိုင်းသာကြားနေရတာကိုသတိထားမိသည်။
ခဏနေရင် ကောင်လေးကိုတရားဝင်တွေ့ခွင့်ရတော့မည်လေ...
ငြိမ်သက်မနေသောရင်ဘတ်နဲ့ အိပ်ရာဘေးစားပွဲပေါ်က ဖုန်းကိုလှမ်းယူရင်း စာတိုလေးကို အခေါက်ခေါက်အခါခါပြန်ဖတ်နေမိတော့

"Taehyung မနက်ဖြန်မနက် ခုနှစ်နာရီလောက် ဈေးဝယ်ဖို့ သွားလိမ့်မယ်"

ညက ၀င်လာသည့် Seokjin Hyung ဆီက စာတိုလေး...

Seokjin hyung ဆီကျေးဇူးတင်ကြောင်းတွေ အထပ်ထပ်စာပြန်ပို့ ပြီး အိပ်လို့ မပျော်တော့တာ မနက်ရောက်မှ မှေးခနဲအိပ်ပျော်သွားခြင်း။

ကောင်လေးဆီက ခွင့်လွှတ်ခံရတာမျိုးမဟုတ်ပေမယ့် ဒါဟာ ကောင်လေးဆီရောက်ဖို့ ခြေတစ်လှမ်းဆိုတာမမှား...

အစောကြီးရှိသေးပေမယ့် ရေချိုးဖို့ဆုံးဖြတ်လိုက်ပြီး
ဆေးနံ့ တွေစွဲမနေစေဖို့ ဆပ်ပြာအထပ်ထပ်အခါခါတိုက်နေမိတာ အပြင်ပြန်ထွက်လာတော့ မနက်ခြောက်နာရီ...

အ၀တ်ဘီဒိုထဲ ကောင်လေးသဘောကျနိုင်လောက်မယ့်အ၀တ်အစားကိုရွေးချယ်ကြည့်တော့ ဟိုတရက်က အပြင်သွားရင်ဝယ်လာခဲ့တယ် ၀တ်စုံဆီလက်ကရောက်သွားသည်။

ကောင်လေးဝတ်နေကျပုံစံမို့ သူသဘောများကြမလားရယ်လို့ မှတ်မှတ်ရရ၀ယ်လာတာ...

အဆင်မှိုင်းမှိုင်းရှပ်အကျီကြီးကြီးနဲ့ style pant ခပ်ပွပွကိုဝတ်ဆင်ပြီး ခါးပတ်ကိုအကျအနပတ်ကာ မှန်ရှေ့ မှတ်တပ်ရပ်လိုက်တော့..

အကျိုးနည်း.. ဒီဝတ်စုံတွေက ကောင်လေးနဲ့ သာ မော်ဒယ်တစ်ယောက်လိုကြည့်ကောင်းတာ ကိုယ်နဲ့ က ၀တ်စုံတခြား လူတခြား.. ဘယ်လိုကြီးမှန်းမသိ ကို့ ရိုကားယား....

ဒီအတိုင်းဝတ်သွားမယ်ဆို ကောင်လေးဆီက အမှတ်ပိုရဖို့ မပြောနဲ့ လှည့်တောင်ကြည့်မယ်မထင်။

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now