XXVI 💐 Sunflower

7.9K 594 276
                                    

UNICODE

Hoseok        

နဖူးကိုလာထိတဲ့ခပ်ဖွဖွအထိအတွေ့လေး...

"ပြန်ရောက်ပြီလား Tae..."

"အင်း.... ဆက်အိပ် Hyungie , အစည်းအ​ဝေးကြောင့် မနက်မှအိပ်ရတာမဟုတ်လား..."

"အိပ်ရေးဝပါပြီကောင်လေးရဲ့..."

ပြောရင်းခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာခေါင်းလေးကိုနမ်းတော့ သုံးနေကျစတော်ဘယ်ရီခေါင်းလျှော်ရည်နံ့သင်းသင်းကိုရသည်...

"ဒီဘက်မှာရုံးချုပ်ဖွင့်လိုက်ပါလား Hyungie ~ ဟင်... ?
Hyungie သိပ်မပင်ပန်းရတော့ဘူးပေါ့..."

Seoul နဲ့ Amsterdam ဟာ 7 နာရီတိတိကွာတာကြောင့် သူတို့ရုံးတတ်ချိန် မနက်ကိုးနာရီခွဲဟာ ကျွန်တော့်တို့ဆီမှာ ညနှစ်နာရီခွဲ....

"ဒါပေမယ့် ကိုယ်အဲ့ဒိလိုမလုပ်ချင်ဘူး..."

အိပ်ရေးလဲဝသင့်သလောက်ဝပြီမို့ မှေးမှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်လိုက်တော့ မနက်ဆယ်နာရီခွဲနေပြီ...

"ငယ်ငယ်တုန်းက ကိုယ့်မေမေက ဖေဖေအလုပ်သွားတဲ့အချိန်တွေကိုအရမ်းကြောက်ခဲ့တယ်....
Tae မှတ်မိမယ်ထင်တယ်....
ဟိုးအရင် အိမ်လာတုန်းကရှိရှိနေတတ်တဲ့အမျိုးသမီးလေ....
ဖေဖေ့ရဲ့လက်အောက်ငယ်သားဆိုပါတော့.... အဟက် ငယ်ချစ်ဆိုလား....

ကိုယ်သတိထားမိတဲ့အချိန်မှာ မေမေက ဖေဖေအလုပ်သွားရင်ငိုနေခဲ့တာ... နေ့တိုင်းဟုတ်ချင်မှဟုတ်မယ်...
ဒါပေမယ့် ကိုယ့်ခေါင်းထဲစွဲနေတာဖေဖေအလုပ်မသွားခင်ရန်ဖြစ်ပြီး ဖေဖေထွက်သွားရင်ငိုပြီးကျန်ခဲ့တာကိုပဲ.... 
ကိုယ်အဲ့ဒိတုန်းကမေမေ့ကိုဒီလိုဖြေသိမ့်ပေးခဲ့တယ်...  'ဖေဖေကသားတို့အတွက်အလုပ်လုပ်နေတာလေ' ဆိုပြီးတော့......
ဒါပေမယ့် ကိုယ်ဒီအလုပ်တွေကိုစလုပ်ရတဲ့အချိန်မှာတော့သိလာတယ်....
တော်ရုံအလုပ်တွေက အောက်ခြေမှာတင်ပြီးတယ်ဆိုတာ...
CEO က နေ့တိုင်း နေ့တိုင်း တစ်နေကုန်အလွန်အကျွံအလုပ်ရှုုပ်မနေဘူးဆိုတာ..အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့ အရေးကြီးတဲ့ကိစ္စတွေမှာပဲဝင်ပါဖို့လိုတယ်ဆိုတာ"

Purple Tulips 💜💐 (Vhope Love Story)Where stories live. Discover now