(ZAWGYI)
Tae ~
6 years ago
"Kook..Taehyung... ငါတို့ ဂိမ်းဆော့တာရပ်သင့်ပြီ.. အပြင်မှာအတော်မှောင်နေပြီကြည့်စမ်း"
Jimin ရဲ့ ခပ်ကျယ်ကျယ်စကားသံကြောင့် နှစ်ယောက်သားမတ်တပ်ရပ်ပြီး တံခါးအပြင်ကိုကြည့်လိုက်တော့ လမ်းမီးတိုင်တွေတောင်ထွန်းနေပြီ။
ကြည့်ပြီး ဘာမှမပြောဆက်မပြောပဲ ပြန်ထိုင်ကာ အေးအေးသက်သာ ဂိမ်းဆက်ဆော့နေကြတော့ ကျွန်တော်တို့ နှစ်ယောက်ကို Jimin မျက်မှောင်ကြုတ်ကာကြည့်လိုက်ပြီး"ငါဒီနေ့ စောစောပြန်ရမှာ... ငါ့ဖားသားကြီးအိမ်ပြန်ရောက်နေတယ်.."
Jimin ရဲ့ စကားသံအဆုံးမှာတော့ နှစ်ယောက်သားမတ်တပ်ရပ်မိလုနီးနီးဖြစ်သွားရလေသည်။
"ဟုတ်ပြီ..ဟုတ်ပြီ..ဒီတစ်ပွဲပဲ...ပြီးခါနီးပြီ... မင်းကလဲ စောစောကပြောပါလား?"
ပါးစပ်ကလဲပြော လက်ကလဲ ခလုတ်တွေကိုမနားတမ်းနှိပ်နေပေမယ့် စက္ကန့် ပိုင်းအတွင်းမှာ
"ယေး.... ငါနိုင်ပြီကွ" ဆိုတဲ့ Jung Jungkook ရဲ့ အော်သံကြီးနဲ့ ကျွန်တော့်ဆီက စိတ်ပျက်လက်ပျက်အသံကြီးထွက်ပေါ်လာတော့တယ်။
"ကဲ.ကဲ..ရှုံးသွားတာကို ကြေကွဲမနေနဲ့  Taehyung... ပြန်မယ် ထ"
Jimin ရဲ့လောဆော်မှုကြောင့် ကျောပိုးအိပ်ကိုကောက်လွယ်လိုက်တဲ့အချိန်မှာ
"နေဦး.. Jimin မင်းနောက်ကျနေပြီမဟုတ်လား.. ငါ Hyung ကို လိုက်ပို့ ခိုင်းလိုက်မယ်."
Hyung? Jungkook တို့ အိမ်မှာ ဘယ်က Hyung ပါလိမ့်.. ကျွန်တော်သိသလောက် Jungkook အိမ်မှာ သူ့ အဖေရယ်အမေရယ်ပဲရှိတာ...
အစ်ကိုတစ်ယောက်ရှိမှန်းသိပေမယ့် နိုင်ငံခြားမှာကျောင်းတတ်နေတယ်ဆိုတာကြောင့် Jungkook နဲ့ သူငယ်ချင်းဖြစ်လာတဲ့ သက်တမ်းတလျှောက် ဓါတ်ပုံကလွဲရင် တခါမှမတွေ့ ခဲ့ဖူးတာ
"ငါ့အကို မနေ့ ကအိမ်ပြန်ရောက်နေတာ.. ကျောင်းပိတ်လို့ "
"အော်.."
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ဇဝေဇ၀ါအကြည့်ကိုသိ၍ထင် Jungkook ကဖြေရှင်းချက်ထုတ်သည်။
YOU ARE READING
Purple Tulips 💜💐 (Vhope Love Story)
Fanfic🚨 Same FD Different OTP ကနေခိုးယူရေးသားခြင်းခံခဲ့ရပါတယ် Background Plot တစ်ခုလုံးအခိုးခံရတာပါ 🚨 VHOPE နေရာမှာတခြား OTP နဲ့အစားထိုးပြီးခိုးခံရသလို Yoonjin နေရာမှာလည်းတခြား OTP သုံးပြီးအခိုးခံခဲ့ရပါတယ် 🚨 $ ဖက်မတန်လို့လိုက်ပြောချင်စိတ်တော့မရှိပါဘူး...