ငှက်သံများကတညံညံနဲ့ မနက်ခင်းမြင်လိုက်ရသည့်မြင်ကွင်းက စိမ်းစိုနေတဲ့မြက်ခင်းပြင်ပေါ်တွင် အဖြူရောင်စားပွဲများနှင့်အဖြူရောင်လျှောက်လမ်းလေးတစ်ခုဖြစ်သည်။ နွယ်ပင်စိမ်းစိမ်းလေးတွေက အဖြူရောင်များအပေါ်တွင်ရစ်ပတ်ထားလျက်ရှိနေသည်။ ဤနေ့ကား မင်္ဂလာနေ့တည်း။ မိဘများ၏သဘောတူညီမှုဖြင့်ထိမ်းမြားလက်ထပ်ပေးသည့်မင်္ဂလာပွဲဖြစ်သည်။ မိဘများ၏သဘောတူညီမှုကြောင့်လက်ထပ်ရသည်ဟုဆိုပါသော်လည်း မိမိကိုယ်တိုင်သည်လည်း မိမိ၏သတို့သားလောင်းအားချစ်မြတ်နိုးနေမိပါသည်။ သို့သော်ချစ်ရသူသည် မိန်းမရှုပ်သည်။
"ဟူး ..."
နိုရာ့ဆီမှသက်ပြင်းချသံထွက်လာသည်။ မိမိအပေါ်ထပ်အခန်းဝရန်တာမှ ပွဲအတွက်ပြင်ဆင်ထားသည်များကိုလှမ်းကြည့်ရင်း သက်ပြင်းတွေချည်းလှိမ့်ချနေမိပါတော့သည်။
"နိုရာ လာလေ ... အင်္ကျီလဲတော့"
ဝရန်တာတွင်ထွက်ရပ်နေသည့်နိုရာသည် မာမား၏နှိုးဆော်မှုကြောင့် အိမ်ထဲဝင်ပြီးအင်္ကျီလဲလိုက်ရသည်။ မှန်ရှေ့တွင်ရပ်ပြီး မိမိကိုယ်ကိုအားပေးနေမိသည်။
"မငိုနဲ့ နိုရာ ... မင်းလုပ်နိုင်တယ် ... ဖိုက်တင်း"
နိုရာ မိမိကိုယ်ကိုအားပေးရင်းအခန်းပြင်သို့ထွက်လာသည်။အခန်းပြင်တွင် နိုရာ့ကိုတစ်စုံတစ်ယောက်ကရပ်စောင့်နေသည်။
"အဆင်သင့်ပဲလား နိုရာ"
သူသည် "လွန်းဂုဏ်ရှိန်" United Group၏တစ်ဦးတည်းသောသားလည်းဖြစ်သလို ပွေလွန်းရှုပ်လွန်းသူလည်းဖြစ်သည်။ ကောင်မလေးများသာမက ယောကျာ်းလေးတွေကြားမှာပါရေပန်းစားသူတစ်ဦးဖြစ်သည်။
"ကိုကိုလွန်း"
နိုရာသည်အသက်၁၈နှစ်ကျော်၁၉နှစ်ထဲဝင်ခါနီးအရွယ်ဖြစ်သည်။ လွန်းဂုဏ်ရှိန်သည် အသက်၂၅နှစ်သာရှိသေးသော်လည်း ကုမ္ပဏီကြီးတစ်ခုလုံးကိုဦးစီးဦးဆောင်နိုင်နေပြီဖြစ်သည်။ ဘာလို့များ မာမားနဲ့ပါပါးက လွန်းဂုဏ်ရှိန်နဲ့လက်ထပ်ပေးရသည်ဆိုတာကို နိုရာနားမလည်နိုင်ပါ။
YOU ARE READING
Just For You💛
Romanceလွန်းဂုဏ်ရှိန် 💛 နိုရာ ကိုယ်ချစ်နေရသူက ပွေလွန်းရှုပ်လွန်းသူဖြစ်နေသည့်အခါ မိမိကိုချစ်မြတ်နိုးလာနိုင်ပါ့မလား ..... ဤဇာတ်လမ်း၌ပါဝင်သော ဇာတ်ကောင်နှင့်ဇာတ်လမ်းပတ်ဝန်းကျင်တို့သည် စာရေးသူ၏စိတ်ကူးနှင့်ဖန်တီးမှုသပ်သပ်သာဖြစ်သည်။ Date - 14.1.2019 လြန္းဂုဏ္ရွိ...