အပိုင်း - ၂၁💛

25.2K 1.5K 51
                                    

ဒီတစ်ခေါက် ကလေးငယ်ကိုအေးချမ်းမှုတွေပေးချင်သည့်အတွက် ငါးမည်ရသည့် မေမြို့လေးကိုခေါ်လာခဲ့လိုက်သည်။ မေမြို့ သို့ ပြင်ဦးလွင် ပန်းမြို့တော် နှင်းမှုံမြို့တော် တောင်လှေကားမြို့တော် အချို့ကလည်းချယ်ရီမြို့ဟုတင်စားခေါ်ဝေါ်ကြပါသေးသည်။ မေမြို့မှာ လွန်းဝယ်ထားသည့်အိမ်နဲ့ခြံရှိသည်။ အုတ်တံတိုင်းအမြင့်ကြီးနဲ့အိမ်ထဲသို့ဝင်ရတာတော်တော်လှမ်းသည်။ အဝင်လမ်းတောက်လျှောက်မှာလည်းစက္ကူပန်းပင်တွေနဲ့အလွန်လှပလွန်းလှသည်။ အရောင်စုံလင်လှသည့်ခြံကြီးထဲသို့ လွန်းနဲ့နိုရာတို့ရောက်ရှိလာကြသည်။

"အူးဝါး လှလိုက်တဲ့ခြံကြီး ... ကိုကို့မှာဒီလိုခြံမျိုးရှိတာသိလည်းမသိရပါလား"

"ဒါက ကလေးအတွက်Surprise ... ဘယ်လိုလဲ သဘောကျရဲ့လား"

"အရမ်းသဘောကျတယ် ... ကိုကို့ကိုလည်းအများကြီးချစ်တယ် ခစ်ခစ်"

"ငချွဲလေးဝက်ပေါက် ... အိမ်ထဲဝင်ကြမယ် လာ"

"ဟုတ်ဟုတ်"

လွန်းရဲ့လက်မောင်းကိုတွဲခိုပြီး အိမ်ကြီးထဲသို့ဝင်လာကြသည်။ လွန်းတို့ရောက်လာကြသည်နှင့် အသက်ကြီးကြီး ဝဝတုတ်တုတ်နဲ့အန်တီကြီးတစ်ယောက်အိမ်ထဲမှထွက်လာလေသည်။

"သခင်လေးတို့ရောက်လာကြပြီလား"

"ဟုတ်ကဲ့ဒေါ်ကြီး ... အိမ်ကိုသေချာလေးစောင့်ရှောက်ပေးထားတာပဲ ကျေးဇူးပါဗျာ"

"မဟုတ်တာ ... အပေါ်ထပ်မှာ ကျွန်မအခန်းသေချာပြင်ပေးထားပါတယ် ... အိပ်ရာခင်း ခေါင်းအုံး စောင် အကုန်အသစ်တွေချည်းပါပဲ"

"ဒေါ်ကြီးတို့ကတော့အကွက်ကိုစေ့နေတာပဲဗျာ ... ဒါက ကျွန်တော်ပြောပြထားတဲ့ ကျွန်တော့်ခင်ပွန်းလေးနိုရာပါ"

"တကယ်ကိုချစ်စရာလေးပဲ ... သခင်လေးပါးစပ်ကပြောပြကတည်းကမြင်ဖူးချင်နေခဲ့တာ"

"ဒေါ်ကြီးကအမြင်စူးရှတယ် ... တွေ့လား နိုရာကချစ်ဖို့ကောင်းတယ်တဲ့ ... ကိုကိုကသာနိုရာ့ကိုဝက်ပေါက် ဝက်ပေါက်နဲ့ခေါ်နေတာ ... လူကတိရိစ္ဆာန်လုံးလုံးကြီးကိုဖြစ်လို့"

Just For You💛Where stories live. Discover now