အပိုင်း - ၁၄💛

27K 1.9K 60
                                    

လွန်းကအလုပ်လုပ်နေပြီး နိုရာကစာလုပ်နေသည်။ နိုရာ ကိုင်ထားသောဘောပင်ကို စာအုပ်ပေါ်ချလိုက်သည်။ လွန်းကိုကြည့်လိုက်သည်။ လွန်းကတော့ အလုပ်ဆက်လုပ်နေဆဲပင်ဖြစ်သည်။ ချစ်သူများနေ့မှာ လွန်းဆီကတစ်စုံတစ်ရာကို နိုရာမျှော်လင့်မိသည်။

"ကိုကို"

"ပြော နိုရာ ... ဘာဖြစ်လို့လဲ"

နိုရာ့ကိုမကြည့်ဘဲလွန်းဖြေလိုက်သည်။ အလုပ်ထဲတွင်သာခေါင်းနစ်နေသည်။

"ဒီနေ့လေ ... ကျောင်းမှာလေ ... ကောင်လေးတွေကကောင်မလေးတွေကိုပန်းစည်းတွေရော ချောကလက်တွေရောပေးကြတယ်"

"အင်း"

"မိုက်တယ်နော်"

"အင်း"

"အဲ့တာလေ အဲ့တာ ..."

"ဘာလဲ ... ချစ်သူများနေ့မို့လို့ ဝက်ပေါက်ကကိုယ့်ဆီကလက်ဆောင်လိုချင်လို့လား"

"အင်း ဟုတ်တယ် ... ဘာမှမပေးဘူးလားဟင်"

လွန်း နိုရာ့ဘက်သို့လှည့်ကြည့်လာပြီး နိုရာ့၏ပါးလေးနှစ်ဖက်ကိုလက်ဖြင့်အုပ်လိုက်သည်။

"ဝက်ပေါက်လေးက ကိုယ့်ကိုပိုင်နေပြီလေ ... ထပ်ပေးရဦးမှာလား ... ပြောပါဦးကလေးရဲ့"

"ဟွန့် အရင်တုန်းကကောင်မလေးတွေကိုကျတော့အရုပ်တွေရော ချောကလက်တွေရောပေးတယ် ... နိုရာ့ကျတော့ ကိုကို့ကိုပိုင်တယ်တဲ့လား ... မတရားဘူး"

နိုရာနှုတ်ခမ်းကအလိုလိုစူလာပြီး လွန်းကိုကြည့်နေရာကနေအကြည့်လွှဲသွားသည်။

"ကိုယ်ကစနေတာပါ ... ကိုယ်ကမပေးဘဲနေပါ့မလား ... လာ လိုက်ခဲ့"

နိုရာ့ကို သူ့ကားဆီသို့ဆွဲခေါ်သွားသည်။ ကားနောက်ဖုံးကိုလွန်းဖွင့်ပြလိုက်သည်။ နိုရာကြိုက်သည့်မုန့်တွေမှအပြည့်။ ချောကလက်များလည်းပါသည်။ ဘေးနားကအလှခြင်းလေးထဲတွင်နှင်းဆီပန်းအနီရောင်များဖြင့် ပြည့်နှက်နေသည်။

"ကိုကို!"

နိုရာ အနောက်မှာရပ်နေသော လွန်းဘက်သို့လှည့်ပြီး လွန်းကို
မော့ကြည့်လိုက်သည်။

Just For You💛Where stories live. Discover now