အပိုင်း - ၇💛

33.8K 2.4K 136
                                    

လွန်းရှေ့မှာ တစ်ခစ်ခစ်နဲ့ရယ်မောပြီးပြောနေတဲ့ကလေးကိုလွန်းကြည့်နေမိသည်။ လွန်း ရယ်မောနေသည့်နိုရာ့နှုတ်ခမ်းလေးကိုသေချာစိုက်ကြည့်နေမိသည်။ လွန်းရဲ့စိတ်ထဲမှာတစ်မျိုးကြီးခံစားလာရပြီး အသက်ရှူတွေကြပ်လာသလိုဖြစ်လာသည်။ အာခေါင်တွေလည်းခြောက်လာသည်။ သူဘာတွေဖြစ်နေတာလဲ။ နိုရာရယ်နေတာကသူ့ကိုဘာဖြစ်သွားစေတာပါလိမ့်။

"နို နိုရာ ... ကိုယ် ဟို ... ရေသွားသောက်လိုက်ဦးမယ်"

"ဟင် ကိုကိုလွန်း ကို ..."

နိုရာပြောတာကိုတောင်နားမထောင်နိုင်ဘဲ လွန်းအောက်ထပ်သို့အမြန်ပြေးဆင်းသွားသည်။ ရေခဲသေတ္တာထဲကရေတစ်ဗူးကိုဆွဲယူလိုက်ပြီး ရေခွက်ထဲတောင်မထည့်နိုင်ဘဲရေဗူးကိုသာမော့သောက်လိုက်သည်။

*ဘာလို့ အဲ့လောက်တောင်အာခေါင်တွေခြောက်နေရတာလဲ*

လွန်း ရေသောက်နေရင်း နိုရာ၏နှုတ်ခမ်းပါးပါးလေးကိုပြန်မြင်ယောင်လာပြန်သည်။ ပြန်မြင်ယောင်လာလေလေ အာခေါင်တွေကပိုခြောက်လာလေလေဖြစ်သည်။

*ဘာဖြစ်နေတာလဲ ဘာလို့အဲ့တာကိုပဲမြင်ယောင်နေရတာလဲ*

"ကိုကိုလွန်း!"

အနောက်ကနိုရာ့ရဲ့အသံကြောင့် လွန်းသောက်လက်စရေတောင်သီးသွားသည်။

"အဟွတ် ... အဟွတ်"

"ဪ ဖြစ်ရမယ် ကိုကိုလွန်းရာ ... ကနိ ကနိ"

နိုရာက လွန်း၏နောက်ကျောလေးကိုပွတ်သပ်ပေးရင်း လွန်းမျက်နှာပေါ်က ရေတွေကိုသုတ်ပေးနေသည်။ သူ့ကိုလုပ်ပေးနေသည့်နိုရာ့ကိုကြည့်ပြီး နှလုံးခုန်တွေမြန်လာသည်။

*ဘာလို့နှလုံးခုန်မြန်နေရတာလဲ ... ငါပါနှလုံးရောဂါရနေပြီလားမသိဘူး*

"ကိုကိုလွန်း ဘာတွေကြောင်ကြည့်နေတာလဲ ... မနက်ဖြန်အစည်းအဝေးရှိတယ်မလား စောစောအိပ်လေ"

နိုရာ့အသံကြားလိုက်ရမှ အသိစိတ်ပြန်ဝင်လာပြီး အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှူကာ ရေဗူးကိုရေခဲသေတ္တာထဲပြန်ထည့်လိုက်သည်။

"အင်း အိပ်မယ်"

နိုရာရှိနေသည့်မီးဖိုချောင်ထဲမှခပ်မြန်မြန်ထွက်ကာမှ ခုံနဲ့ခြေသန်းလေးနဲ့တိုက်တာ သွေးပါစို့သွားရသည်။

Just For You💛Where stories live. Discover now